Jin- အဘပဲကြိုက်တယ်ဆို
Jin's appa- အေးလေ
Jin- ဒါဆိုစားလေ
Jin's appa သူ့ရှေ့တွင်ရှိတဲ့တောဝက်သား ဟင်းကိုကြည့်ကာ သက်ပြင်းချမိသည်
Jin ကိုတောဝက်သား ချက်ပေးဖို့ပြောလိုက်တာ မှားသွားပီထင်
ကိုယ်တိုင်ချက်လိုက်ရင်အကောင်း
Jin ကတော့ ချက်ပေးရှာပါရဲ့
ဒါပေမဲ့ ဟင်းက ပါးစပ်ထဲအစီအငေါ်မတည့်
ဟင်းက ငန်လွန်းအားကြီးသည်
Jin's appa- မင်းဟင်းက ငန်နေတယ်
Jin's appa ပြောလိုက်မိပီး စိတ်မကောင်းမိ
သူ့ခဗျာ အားကြိုးမာန်တက် ချက်ထားရသည်မလား
Jin- အဘ ကလည်း ကောင်းပါတယ် ကျွန်တော်ကတော့ ကွက်တိပဲ
Jin သူ့အဘ ရှေ့တွင် စားပြလိုက်သည်
ထိုအချိန် အောက်ထပ်မှ namjoon အော်သံကိုကြားသည်
Nj- Jin ရေ
Jin- ဗျာ
Jin အောက်ထပ်ကိုပြေးဆင်းကာ
Jin- ဦး ထမင်းစားပီးပီလား
Nj ခေါင်းရမ်းပြကာ
Jin- ဒါဆို အတော်ပဲ အိမ်မှာထမင်းစားသွား အိမ်မှာ ကျွန်တော်ကိုယ်တိုင် တောဝက်သားဟင်းချက်ထားတယ်
Nj မျက်လုံးပြူးကာ
Nj- ကလေး ကိုယ်တိုင်လား
Jin ခေါင်းညိမ့်ပြကာ
Jin- ဟုတ်တယ် အဘက သိပ်နေမကောင်းလို့
Nj- အတော်ပဲ တစ်ခါတည်းစားသွားရမယ်
Jin နဲ့အတူ Nj လည်း အပေါ်ကို တက်လာကာ
Nj- အဘ ထမင်းစားမကောင်းလို့လား
Nj တို့ ထမင်းစားပွဲ ဝိုင်းတွင်အသာ ဝင်ထိုင်ရင်း
Jin's appa ကို မေးလိုက်သည်
Jin's appa- ဒီလိုပါပဲ အသက်ကြီးလာတော့ ကျန်းမာရေးက ချူချာချင်တယ်