Jin ညီလာခံကိုမသွားရတဲ့ သုံးရက်အတွင်း namjoon
နဲ့အတော်လေးရင်းနှီးလာသည်အခုလည်းသူတို့ လေ့ကျင့်ကွင်းထဲရောက်နေကြသည်
ပုံမှန်ဆိုလေ့ကျင့်ရေးကွင်းနား ယောင်လို့တောင်မကပ်တဲ့
Jin တစ်ယောက် namjoon နောက်တစ်ကောက်ကောက်လိုက်နေသည်
Yoongi နဲ့လည်းမတွေ့ရသဖြင့်သူလွတ်လပ်ရေး ရနေခြင်း
ဖြစ်သည်Jin- namjoon ငါဘာလုပ်ပေးရဦးမလဲ
Nj ခေါင်းရမ်းကာ
Nj- ဘာမှမလုပ်နဲ့ ဒီတိုင်းလေးပဲနေ
Jin- ငါပျင်းတယ် မင်းကလည်းအလုပ်ချည်းလုပ်နေတာ
Nj- ပျင်းရင် မြှားပစ်တာပဲဖြစ်ဖြစ် ဓားရေးလေ့ကျင့်တာပဲ
ဖြစ်ဖြစ်တစ်ခုခုလုပ်နေလိုက်ပါ့လားJin nj ပြောတော့ မြှားတွေထားတဲ့နားတစ်ချက်ကြည့်ကာ
Jin- ဒါဆိုလည်းအဲ့တာပဲသွားလုပ်တော့မယ် မင်းအလုပ်ပီးရင်ပြော
Nj မြှားတံတွေချွန်နေရင်းနဲ့ ခေါင်းညိမ့်ပြလိုက်သည်Jin သူ့ကိုယ်ပိုင်မြှားကိုကိုင်ကာ အချိန်အဆ ညှိနေလိုက်သည် သေချာပီထင်မှ မြှားတံကိုကောက်ကိုင်ကာ
ပစ်မှတ်ကိုချိန်နေလိုက်သည်
Nj လည်းမြှားတံချွန်နေရင်းမှ အသာငေးကြည့်နေလိုက်သည်Jin မြှားတံကို လေထဲမှတစ်ဆင့်ပစ်မှတ်ကို ပစ်လိုက်သည်
Jin မြှားတံလေးမှာ ပစ်မှတ်ကိုလွဲချော်သွားသည်
Jin စိတ်ပျက်ကာ
Jin- ဟိုတစ်ခါကမှ မှန်သေးတယ် ဒီနေ့ ဘာဖြစ်လို့လဲ
Jin နောက်တစ်ခု ထပ်ယူကာ ထပ်ပစ်ပြန်သည်
လွဲပြန်သည်
အကြိမ်ကြိမ်ပစ် အကြိမ်ကြိမ်လွဲနေတော့ စိတ်ကမရှည်ချင်တော့ မြှားကိုမြေကြီးပေါ်ပစ်ချကာ ပြန်တော့မယ်အလုပ်
ရုတ်တရက် သူ့အနောက်မှနေ၍ လက်ကို အသာအယာလာကိုင်ကာ မြှားတံကိုလက်ထဲထည့်ပေးပီး ပစ်မှတ်ကိုချိန်လိုက်တဲ့ namjoon
မြှားတံလေးဟာ လေဟုန်ကိုခွင်းလို့ ပစ်မှတ်ကိုတည့်တည့်မတ်မတ်
Jin မျက်နှာပြုံးသွားကာ namjoon ဘက်လှည့်လိုက်တော့ မျက်နှာနှစ်ခုက နီးကပ်စွာ
နှစ်ယောက်သားအချိန်အတော်ကြာတဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေပီး နောက်ဆုံး namjoon မှ ချောင်းဟန့်ကာ နောက်ဆုတ်သွားတော့ jin လည်း အသိဝင်ကာ နောက်ဆုတ်လိုက်သည်