Uni..
အချစ်ဆိုတာ သူ့မျက်ဝန်းထဲမှာ
မိုးတွေဆွေရင်
ကိုယ့်ရဲ့ နှလုံးသားထဲမှာ
လျှပ်စီးလက်တက်တယ်။
ခန်းမထဲကိုဝင်တော့ ကိုယ့်လက်တစ်ဖက်ကိုတွဲထားတဲ့ ကလေးရဲ့လက်တစ်ဖက်က တုန်ယင်မှုကအတိုင်းသား။
" ကို ရှိတာမို့ မကြောက်နဲ့နော်"
ညိုးငယ်တဲ့အကြည့်နဲ့ မျက်ဝန်းတစ်စုံက သနားချင်းကိုဖြစ်ပေါ်စေပေမယ့် ဒီကလေးငယ်ကို မစွှန့်လွတ်နိုင်။
မင်္ဂလာပွဲရဲ့ လုပ်ရိုးလုပ်စဉ်နဲ့ လက်စွပ်လဲသည်အထိပုံမှန်ဖြစ်ပေမယ့် အကြင်နာအဖြစ်သက်သေထူတဲ့ အနမ်းတစ်ပွင့်မှာတော့ ခေါင်းငုံ့ကာ မြေပြင်ကသိုင်းရှု့နေတဲ့ ကလေးငယ်ရဲ့ပုံရိပ်..သိပ့်လှတယ်။
" ကလေးသာ ခေါင်းမမော့ဘူးဆိုရင် ကိုကိုအနမ်းက နဖူးမဟုတ်လောက်ဘူးနော်"
" ဟင်..ပြွတ်"
ဒီလောက်လေးနဲ့ ရှက်တက်နေရင် ဒီညတော့ ဘယ်လိုများခရီးသွားရမလဲကွာ။
ကျွန်တော်တို့နှစ်ယောက်အတူ ဝင်လာတာကို ပါးစပ်အဟောင်းသားနဲ့ကြည့်နေတဲ့ ကလေးငယ်ရဲ့ သူငယ်ချင်းနှစ်ယောက်က မင်္ဂလာပွဲပြီးတာနဲ့ ကလေးအနားကိုပြေးလာသည်မို့ ခဏတစ်ဖြုတ်တော့ လူကြီးတွေနားထွက်သွားလိုက်သည်။
" အားရား ကြည်သာရေ မင်း ငါတို့ကို လျှိုထားတယ် ဟုတ်လား သားကြီး"
" ဟုတ်ပကွာ ငါတို့ထင်ထားတာ မင်းက ကောင်မလေးကိုလက်ကိုတွဲပြီး လျှောက်လာမယ်ထင်တာ"
" ငါ ငါလည်း ခုဏကမှ သိ သိလိုက်တာ"
စိတ်မချလို့ အဝေးကနေလှမ်းကြည့်လိုက်တော့ ကလေးက သူငယ်ချင်းတွေထက်စာရင် လူကောင်သေးတာပဲ။ အဟက် ကိစ္စမရှိဘူး အခုကစပြီး ကလေးဝအောင်လုပ်ဖို့က ကိုယ့်တာဝန်ဖြစ်သွားပြီ။
" အဟက် ထူးတော့ထူးသားနော်."
" ဘာကိုလဲကွ"
" အန်တီပြောဖူးတယ်လေ ငါ့ကို ချွဲရင်ခေါင်းပဲခေါက်ခံမှာတဲ့ သူယူမယ့်လူကိုချွဲရင် ဖူးဖူးမှုတ်ခံရမှာ ဟင်း ဟင်း ဆိုတာလေ"
ESTÁS LEYENDO
ညား၍ချစ်ခဲ့သည်။ ( Uni + Zaw )(Complete)
Romanceအချစ်နဲ့ပတ်သက်လာခဲ့ရင် လူတော်တော်များများ ပြောကျရတဲ့စကား ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်တဲ့..ထိုစကားလေးက ကျွန်တော်တို့ နှစ်ယောက်ကို ငြင်းဆန်စေခဲ့တယ်..ဘာလို့လဲဆိုတော့.. ကိုကိုသည် ကျွန်တော့်ကို ချစ်လို့ ညားခဲ့ပြီး ..ကျွန်တော် ကတော့ ကိုကို့ကို ညာ...