Uni..." ဟား..ဟား"
" ဟ ကျော်ဇင်ရေ မရတော့ဘူး ငါအရမ်းတွေကြောက်နေပြီကွ"
" အာ ဟုတ်တယ် ငါလည်း ကြောက်လို့မရတော့ဘူး"
" ဟား..ငပေါတွေ"
ပိတ်ကားပေါ်ထက်ပြေးလွှားနေသောပုံရိပ်လေးတွေက ဘေးနားက ကလေးငယ်တို့ရဲ့ လှောင်ရယ်သံတို့ကြား စိတ်ပျက်ဖွယ်။ သရဲကားတဲ့ ကြောက်ဖို့ကောင်းမယ်ထင်ခဲ့တာ။ ဖြစ်နိုင်ရင် ဒီကားရိုက်တဲ့ ဒါရိုက်တာနဲ့တွေ့ကာ သရဲကိုမြင်ဖူးလားလို့တောင် မေးလိုက်ချင်သည်။
တစ်ကယ်လို့ အမှောင်ကြောက်တဲ့ ကလေးငယ်တစ်ယောက် ဒီလိုအချိန်မှာ သူ့လက်လေးတွေကိုကွယ်လို့အသားကုန်အော်ဟစ်နေမယ်ထင်နေခဲ့တာ၊ ဒါဆိုရင် ကိုယ်က ဘေးနားကနေအသာလေး ကလေးကိုဂရုစိုက်ပေးရုံ..အခုတော့..အခုများတော့။
" ဟျောင့်တွေ အအေးကျန်သေးလား၊ ငါ သောက်ချင်လို့"
" အာ ငါတို့ဆီမကျန်တော့ဘူး၊ မင်း ယောကျာ်းကို မေးကြည့်."
" ဘာ..မင်း"
" ဘာ မင်းလဲ မဟုတ်တာကျလို့.."
တီးတိုးစွာပြောနေတဲ့ ကလေးတို့ရဲ့စကားက ခိုးနားထောင်နေတဲ့ကိုယ့်အတွက်ကြားနေရတာမဆန်း။ ငါးမရရေချိုးပြန်ဆိုတဲ့အနေအထားမို့ လက်ဘောင်တန်းမှာထည့်ထားတဲ့ အအေးဗူးရဲ့ပိုက်ကိုလျှင်မြန်စွာ ငုံထားလိုက်သည်။ အအေးတော့မသောက်ဖြစ်၊ ကလေးငယ်သောက်ဖို့ နည်းမှာစိုးလို့သာ။
" ကိုမဟော်..အာ"
" ဟင် ဘာလို့လဲ ကလေး"
အနည်းငယ်ရောင်ပြန်ဟပ်နေတဲ့ မီးရောင်ကြားထဲမှာ အအေးဗူးကိုသောက်နေတဲ့ ကိုယ့်ရဲ့ပုံရိပ်လေးက ကလေးကိုရင်ခုန်သွားစေမလားမပြောတက်ပေမယ့် အပြစ်ကင်းစင်တဲ့ပုံရိပ်လေးကိုတော့ ကလေးငယ်မြင်ပါစေလေ။
" ဗျာ အာ ဘာမှမဟုတ်တော့ဘူး"
" ကလေး အအေးသောက်ချင်လို့လား"
" ဟီး ဟုတ်တယ်"
" ဒါဆို ကိုကို အပြင်ထွက်ပြီး သွားဝယ်ပေးရမလား"
ESTÁS LEYENDO
ညား၍ချစ်ခဲ့သည်။ ( Uni + Zaw )(Complete)
Romanceအချစ်နဲ့ပတ်သက်လာခဲ့ရင် လူတော်တော်များများ ပြောကျရတဲ့စကား ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်တဲ့..ထိုစကားလေးက ကျွန်တော်တို့ နှစ်ယောက်ကို ငြင်းဆန်စေခဲ့တယ်..ဘာလို့လဲဆိုတော့.. ကိုကိုသည် ကျွန်တော့်ကို ချစ်လို့ ညားခဲ့ပြီး ..ကျွန်တော် ကတော့ ကိုကို့ကို ညာ...