ညား၍ခ်စ္ခဲ့သည္။ ( ၁၃ ) ( Z+U)

11.7K 719 14
                                    


Uni..

ချစ်သူ့စကား နှုတ်တစ်ခွန်းသည်

ပျားသကာကဲ့သို့ ချိုမြိန်လှသည်။

//**//

" ကိုကိုရေ"

" ကိုကိုလို့..ကလေးခေါ်နေတာကို လှည့်ကြည့်ပါဦး"

ကြားနေရတဲ့ ကိုကိုရေ ဆိုတဲ့အသံနဲ့ ကလေးဆိုတဲ့အသုံးအနှုန်း။

" ဟာ ကိုကိုကလည်း ကလေးကို ဒီအထုတ်လေးတွေ သယ်ပေးပါဦးဆို ကလေး သူငယ်ချင်းတွေနဲ့ချိန်းထားလို့"

" က..ကလေး ဘယ်လို ပြော ပြော"

" အာရား ကိုကိုကလည်း ဘာတွေကြောင်နေတာလဲလို့"

မကြောင်ရိုး ရှိရိုးလား။ ကိုကိုဆိုပြီးမခေါ်တာ ကြာပြီဖြစ်သလို၊ တစ်ခါမှမသုံးဖူးတဲ့ ကလေးဆိုတဲ့ စကားလုံး၊

" ကိုကို ကလေး ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ အဲ့ဒါ ကိုကို ခွင့်ပြုနော်"

" ဟင်..အင်း"

သူငယ်ချင်းတွေအတွက်ထုတ်ထားတဲ့ အိတ်လေးနှစ်ခုကို ကိုယ့်လက်ထဲထည့်ပေးလို့ ပခုံးကိုမှီကာ ခွင့်တောင်းနေတဲ့ ကလေးက ချစ်ဖို့ကောင်းချက်က ထိုနေရာမှာတင် ဆွဲမွချင်စရာ၊ ဝမ်းနည်းစရာတစ်ခုက အရှေ့တည့်တည့်မှာရပ်နေတဲ့ သူငယ်ချင်းကြောင့်ပင်။

အဟက် အဲ့ဒါပြောတာပေါ့၊ ယောကျာ်းလေးတို့မာယာဆိုတာ၊ ဟွန်း ဘယ်ရမလဲ၊ ကိုကိုရဲ့ပခုံးကိုမှီကာ အပီအပြင်ချွဲပြလိုက်တော့ အရှေ့မှာရပ်နေတဲ့ ရတီဆိုတဲ့အမတစ်ယောက် မိမိတို့ကိုကြောင်ကြည့်နေတော့သည်။

ကိုကိုဆိုသည်မှာလည်း တစ်ကယ်ပါပဲ အခုအချိန်ကျတော့ ကြောင်ရပ်နေတယ်၊ အရင်တုန်းကအသားယူခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ။

" က..ကလေး"

" အဲ့ကိုကိုကလည်း ဘာမှန်းလဲမသိဘူး၊ ဒီနေ့ သူငယ်ချင်းတွေနဲ့ချိန်းထားတယ် အပြန်လာကြိုလို့ပြောမလို့ကို ထွက်သွားတယ်၊ ဒါပဲနော် နောက်တစ်ခါ ဒီလိုထွက်သွားရင် မချစ်ပဲနေလိုက်မယ် ဟွန်း"

ရားးးးး မရတော့ဘူး၊ လက်မောင်းကိုတွဲကာ ချွဲနေရင်း စိတ်ဆိုးကာ တစ်ဖက်သို့လှည့်သွားသော ကလေးမျက်နှာ၊ ကိုယ့်ဘက်ပြန်လှည့်ရင်း နမ်းဖို့ကြံလိုက်ချိန်မှာတော့..။

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Donde viven las historias. Descúbrelo ahora