Part - 2

6.6K 282 1
                                    

Zawgyi

သူ့ဘေးမှာ နှုတ်ခမ်းစူစူနဲ့ထိုင်နေသော လအရိပ်ကို ကားမောင်းနေရင်းက လှည့်ကြည့်လိုက်သည်။

'မွန်းလေး ကိုကို လိုက်ပို့နေပြီပဲ စိတ်ကောက်ပြေတော့နော်'

'ဘယ်သူက စိတ်ကောက်တယ်လို့ ပြောလို့လဲ'

'စိတ်မကောက်ရင် ဘာလို့ နှုတ်ခမ်းကြီး စူနေတာတုန်း'

'ဟွန့် အာဘွားပေး အာ့ဆို ပြေမယ်'

သူ့ဘေးနားကပ်ကာ ပါးကို လက်ညိုးနှင့် ထောက်ပြီး ပြောနေသော သူမကို ကြည့်ရင်း ရင်တွေခုန်လာသည်။ ဟာ.. ဘယ်လိုဖြစ်တာလဲ နေလင်းခန့် စိတ်ထိန်းစမ်း စိတ်ထိန်းစမ်း မွန်းလေးက မင်း ညီမလေး ပဲကွ🙅

'ရွှတ်'

အဲ့တော့မှ ကျေနပ်သွားတဲ့ပုံစံဖြင့် ပြုံးကာ စိတ်ကောက်ပြေတော်မူတော့သည်။

သင်တန်းရောက်တော့ ကားရပ်ရင်း

'မွန်းလေး အပြန်ရော ဘယ်လိုပြန်မှာလဲ ကိုကို လာကြိုရမလား အိမ်က ဒရိုင်ဘာ လွှတ်ခိုင်းလိုက်ရမလား'

'ကိုကို လာကြိုရင်တော့ ကောင်းတာပေါ့ ကိုကို အားလို့လား'

'အင်း ကိုကို အားရင် လာကြိုမယ်လေ ဟုတ်ပြီလား'

'ဟုတ် ကိုကို တတာ'

'အင်း တတာ မွန်းလေး ဂရုစိုက်'

Sun Light Co.Ltd ထဲကို ကားကွေ့ဝင်လိုက်ပြီး ပါကင်ထိုးလိုက်သည်။ ပြီးနောက် အပေါ်ထပ်ရုံးခန်းသို့ ဓာတ်လှေကားဖြင့် တက်လာခဲ့သည်။ အပေါ်ရောက်တော့ ဖေဖေ့ရုံးခန်းကို အရင်သွားရသည်။ ရုံးခန်းရှေ့ရောက်တော့ ဖေဖေ့ စက္ကထရီ ဇွန်ပွင့်က

'Morning GM'

'Morning မဇွန်ပွင့် ဖေဖေ အခန်းထဲ ရှိတယ်မို့လား'

'ရှိပါတယ် GM ဒီနေ့ နောက်ကျတယ်နော်'

'ဟုတ်တယ် ညီမလေးကို သင်တန်းဝင်ပို့နေရလို့'

'အော် ဟုတ်ကဲ့'

သူ ဖေဖေ့အခန်းထဲရောက်တော့

'ဟော သား ရောက်ပြီလား မင်းညီမကို သေချာ ပို့ခဲ့ရဲ့လား'

'ဟုတ် ဖေဖေ ဒီနေ့ ရွှေပြည်သာစက်မှုဇုန်ဘက် သွားရမယ် အဲ့မှာ တစ်ချို့ ဘက်ဂျက်လေးတွေ ဟနေလို့ သား ကိုယ်တိုင် သွားကြည့်ချင်တယ်'

"အဖြူရောင် စည်း"Where stories live. Discover now