Zawgyi
ထက်နောင် မွန်း နဲ့တွေ့ဖို့ စောင့်နေခဲ့သည်။ ခုထိ သူ့ခံစားချက်တွေက မပြတ်မသား...မွန်း ကို သူ တကယ်ချစ်သည်။ အစတုန်းကတော့ ဦးဇေယျရဲ့ သမီးမို့လို့ မကျေနပ်ပေမဲ့ ခုကျတော့ သူ မွန်း ကို ချစ်မိသွားလေပြီ။ မွန်း ဘယ်သူပဲ ဖြစ်နေဖြစ်နေ သူ မွန်းကို အပြစ်မမြင်နိုင်တော့ပါ...မွန်းကို ဖွင့်ပြောမယ်...သူ နဲ့ မွန်း ❤❤
'ထက်နောင်...ရောက်တာ ကြာပြီလား'
သူအတွေးလွန်နေ၍ မွန်း ရောက်နေမှန်းတောင် မသိလိုက်ပါ။ ဆံပင်အကောက်လေးတွေကို နဂိုလို မချပဲနဲ့ အကုန်စုထုံးထားသည်။ မြင်နေကျ မဟုတ်၍ တစ်မျိုးလေးနဲ့ တော်တော်ကြည့်ကောင်းနေသည်။ အဖြူရောင် ဂျင်းဘောင်းဘီအရှည်နဲ့ အင်္ကျီ အနက်ရောင် ကိုယ်ကျပ်လေးကို တွဲဝတ်ထားပြီး အရမ်းလှနေလေသည်။
'ထက်နောင် ဘာကြည့်နေတာလဲ ဘာမှလဲ မပြောဘူး'
'အော် အင်း...မွန်း ဒီနေ့ အရမ်းလှနေတယ်'
'အွန် 😳'
ရုတ်တရက် ပြောချလိုက်၍ မွန်း ကြောင်သွားကာ မျက်နှာမှာ ပန်းရောင် ပြေးသွားလေသည်။
'ကဲ ဘယ်သွားမလဲ'
'မသိဘူးလေ ထက်နောင်ပဲ ခေါ်ပြီးတော့...'
'အင်း...ဆိုင်တစ်ဆိုင်ပဲ သွားလိုက်ရအောင် အေးအေးဆေးဆေး စကားပြောလို့ရမယ့်ဆိုင်'
'ဟုတ်'
ထက်နောင် ကားကို မောင်းထွက်လာခဲ့သည်။ မွန်းဆီက ရေမွှေးနံ့တစ်မျိုးက သူ့ကို လာဆွဲဆောင်နေလေရဲ့....ခက်ပါပြီ မွန်းရယ်...😣
ဆိုင်ရောက်တော့ ထက်နောင်က
'မွန်း ဘာစားမလဲ တစ်ခုခုမှာလေ'
'မစားတော့ဘူး အအေးတစ်ခုခုပဲ သောက်တော့မယ်'
'ဟိတ် ရွှတ် ရွှတ် ညီလေး...'
Waiter လေးက ထက်နောင် ခေါ်လိုက်၍ စားပွဲနားရောက်လာပြီး
'ဘာသုံးဆောင်မလဲခင်ဗျ'
မွန်းက menu ကို ကြည့်လိုက်ပြီး
'ထောပတ်သီး ဖျော်ရည် တစ်ခွက်'
'ကိုယ်လဲ အဲ့ဒါပဲ သောက်မယ် နှစ်ခွက်လုပ်လိုက်နော် ညီလေး'
YOU ARE READING
"အဖြူရောင် စည်း"
RomanceZawgyi လအရိပ်ဟာ ငယ်စဉ်ကတည်းက မိဘတွေ ဆုံးပါးသွား၍ မိဘတွေရဲ့ သူငယ်ချင်းဖြစ်သူ လင်မယား နှစ်ယောက်က ပြန်လည်မွေးစားခဲ့တယ်...အဲ့ဒီ လင်မယားမှာလဲ လအရိပ်ထက်ကြီးတဲ့ နေလင်းခန့်ဆိုတဲ့ သားလေး တစ်ယောက်ရှိတယ်...ငယ်စဉ်ကတည်းက မောင်နှမလို သံယောဇဉ်တွေနဲ့ နေလာခဲ့ပြီး အ...