Zawgyi
'မမ ဘယ်သွားမလို့လဲ ဒီနေ့ ရုံးပိတ်ရက်ကြီး မဟုတ်လား'
'ဟုတ်တယ်လေ ဒါပေမဲ့ MD ရဲ့ သမီး ဆေးရုံတက်နေရလို့ သတင်းသွားမေးမလို့ နင် နိုးပြီဆိုတော့ ငါ့ကို ဆေးရုံလိုက်ပို့စမ်းပါ'
'Ok ခဏလေးနော်'
ထက်နောင် အခန်းထဲ ပြန်ဝင်လာခဲ့ပြီး အနက်ရောင် ရှပ်လက်ရှည်ကို လဲလိုက်သည်။ ဂျင်းဘောင်းဘီကတော့ ဒါပဲ ဝတ်လိုက်တော့မည်။ ဆံပင်ကို တစ်ချက် နှစ်ချက်သပ်..Victoria Secret ရေမွှေးကို ဆွတ်လိုက်ပြီး ဖုန်း နဲ့ ပိုက်ဆံကောက်ယူကာ ထွက်လာခဲ့သည်။
'ပြီးပြီ မမ သွားမယ်'
ထက်နောင်နဲ့ ဇွန်ပွင့်တို့ မောင်နှမနှစ်ယောက် ကားဖြင့် ထွက်လာခဲ့သည်။ ဆေးရုံရှေ့ရောက်တော့
'မောင်လေးလဲ လိုက်ခဲ့ပါလား'
'နေပါစေ မမရာ ကျွန်တော်နဲ့လဲ သိတာမဟုတ်ပဲနဲ့'
'အော်...MD က သဘောကောင်းပါတယ် မောင်လေး အကြောင်းကိုပါ မေးနေတာ ကျောင်းပြီးရင်တောင် company မှာ အလုပ်ဝင်ပါလာတဲ့ လိုက်ခဲ့ပါ မောင်လေးရယ် နော်..'
'အင်းဗျာ လိုက်မယ် လိုက်မယ်'
ထက်နောင်တို့ ဆေးရုံပေါ်တက်လာပြီး လူနာရှိသည့် အခန်းထဲ ဝင်လိုက်တော့ လူနာခုတင်ပေါ်မှာ ခေါင်းအုံးကို မှီထိုင်ပြီး ဘေးက သူနှစ်ယောက်ကို စကားပြောနေသည့် မွန်း....မွန်းနဲ့ စကားပြောနေသည့် အန်ကယ်ကြီးက သူတို့ ဝင်လာတာကြည့်ပြီး
'ဟာ..ဇွန်ပွင့်ပါလား သမီးကို သတင်းမေးလာတာလား'
'ဟုတ်တယ် MD... မွန်း သက်သာလာပြီလား အူအတက်ပေါက်တာဆို'
မွန်း အိပ်ဆေးသောက်ပြီး သတ်သေတယ်ဆိုတာကို မိသားစုတွေပဲ သိတာပါ...တခြားသူတွေကိုတော့ အူအတက်ပေါက်သည်လို့ပဲ ပြောထားတာဖြစ်သည်။
'ဟုတ် သက်သာပါတယ် မဇွန်'
'မွန်း....'
'ဟင်...ထက်နောင် နင်ဘယ်လိုရောက်လာတာလဲ'
'မွန်း နဲ့ မောင်လေးက သိနေတာလား'
'ထက်နောင်က မဇွန် မောင်လား'
YOU ARE READING
"အဖြူရောင် စည်း"
RomanceZawgyi လအရိပ်ဟာ ငယ်စဉ်ကတည်းက မိဘတွေ ဆုံးပါးသွား၍ မိဘတွေရဲ့ သူငယ်ချင်းဖြစ်သူ လင်မယား နှစ်ယောက်က ပြန်လည်မွေးစားခဲ့တယ်...အဲ့ဒီ လင်မယားမှာလဲ လအရိပ်ထက်ကြီးတဲ့ နေလင်းခန့်ဆိုတဲ့ သားလေး တစ်ယောက်ရှိတယ်...ငယ်စဉ်ကတည်းက မောင်နှမလို သံယောဇဉ်တွေနဲ့ နေလာခဲ့ပြီး အ...