Part - 5

5K 209 3
                                    

Zawgyi

ထက်နောင် ဖိတ်စာစာရွက်ကို ကြည့်ရင်း လက်တွေပင် တုန်နေမိသည်။ "ဦးဇေယျ..." သူ ဒီနာမည်ကို ရင်းရင်းနှီးနှီးသိတာပေါ့....သူတို့ မိသားစု သေကွဲကွဲအောင် လုပ်ခဲ့တဲ့သူ...သူကလဲစားချေမယ်လို့ စိတ်ထဲမှာ အမြဲ ဆုံးဖြတ်ထားခဲ့တာ....ဒါဆို သူ ချစ်တဲ့ လအရိပ်က ဦးဇေယျ ရဲ့ သမီးပေါ့။ ထက်နောင် တစ်ချက်ပြုံးလိုက်သည်။ ထိုအပြုံးထဲမှာ နာကျည်းမှုတွေ ကောက်ကျစ်မှုတွေ အပြည့်ဖြင့်....မင်းကို ချစ်တဲ့ ငါ့ နှလုံးသားကို စတေးပစ်လိုက်မယ် မွန်း....

👇👇👇

'ကိုကို'

'မွန်းလေး'

'ပြန်မယ်လေ'

'အင်း'

နေလင်းခန့် ကားစက်နှိုးလိုက်ပြီး မောင်းထွက်လာခဲ့သည်။

'ကိုကို'

'ပြောလေ မွန်းလေး'

'မွန်းကို ဘာမှမပြောဘူးလား'

'ဘာပြောရမှာလဲ မွန်းလေးရဲ့'

'မွန်းကို ထက်နောင်နဲ့ စကားပြောလို့ စိတ်မဆိုးဘူး လားလို့'

'အော် မဆိုးပါဘူး မွန်းလေးရယ် ကိုကို နားလည်ပါတယ် မွန်းလေးက လူမှုရေးအရ ပြောရတာပဲလေ ကိုကိုက အတင်းလိုက်ချုပ်ခြယ်ပြီးတော့ မွန်းလေးကို စိတ်ဆင်းမရဲစေချင်ဘူး'

'တော်သေးတာပေါ့ ကိုကိုရယ် မွန်းက ကိုကိုများ စိတ်ဆိုးသွားမလားလို့'

'အဟွန်း...မဆိုးရပါဘူး မွန်းလေးရာ' ❤❤

👇👇👇

ဒီနေ့ မွန်းတို့ သင်တန်းနောက်ဆုံးနေ့...မွန်းက assignment ထပ်ပြီး သက်စုတို့နဲ့ စကားပြောရင်း အပြင်ထွက်လာသည်။ ကျောင်းရှေ့မှာ ထက်နောင်က စောင့်နေပြီး...

'မွန်းတို့ ဒီနေ့ နောက်ဆုံးနေ့ပဲလေ ကိုယ်နဲ့ တူတူ မုန့်လိုက်စားပါလား အကုန်လုံးကို ကျွန်တော် ဒကာခံပါ့မယ်ဗျာ'

'အို ထက်နောင်ကလဲ အားနားစရာကြီး သဲနုတို့က အဲ့လိုဆို မငြင်းတတ်ဘူး ဟုတ်တယ်မို့လား'

'ဟုတ်ပါ့'

သက်စုက ထောက်ခံလိုက်ပေမဲ့ ငြိမ်နေတဲ့ သူမကို ကြည့်ပြီး ထက်နောင်က

"အဖြူရောင် စည်း"Where stories live. Discover now