Part - 6

4.7K 195 0
                                    

Zawgyi

မွန်း ဘယ်လိုလုပ်ရမလဲ....မွန်း ကိုကို လက်ထပ်သွားမှာကို အရမ်းကြောက်သည်။ ဒါပေမဲ့ ဖေဖေ ဆန္ဒလေ....မွန်း ကိုကို့ကို လက်မထပ်ပါနဲ့လို့တော့ ဘယ်တော့မှ တားမည် မဟုတ်ပါ...😷

မွန်း ကိုကို့ ရုံးခန်းထဲဝင်သွားတော့...

'ခွမ်း...'

ကိုကို စားပွဲပေါ်မှ စာအုပ်များ ပန်အိုးများကို အကုန်လက်ဖြင့် တိုက်ချပလိုက်သည်။ ပြီးတော့လဲ သူ့လက်ဖြင့် အုတ်နံရံကို ထိုးလိုက်သည်။

'ဒုန်း..'

'ကိုကို...ကိုကို မလုပ်ပါနဲ့ စိတ်ကို လျော့ပါ ကိုကိုရယ် ကိုယ့် အသားနာအောင် မလုပ်ပါနဲ့ မွန်း တောင်းပန်ပါတယ်'

မွန်း ကိုကို ခါးကို ဖက်ပြီး မျက်ရည်တွေနဲ့ ဆက်မလုပ်ဖို့ တောင်းပန်ခဲ့သည်။ ကိုကိုက မွန်းလက်လေးကို ကိုင်လိုက်ပြီး...

'မွန်းလေး ကိုကိုလေ မွန်းလေးကို အရမ်းချစ်တယ်'

'မွန်း သိပါတယ် ကိုကိုရယ်'

'မဟုတ်ဘူး မွန်းလေး ကိုကို ပြောချင်တာက ကိုကို မွန်းလေးကို လက်ထပ်ချင်တယ် အဲ့လိုမျိုး...'

'ဟင်...'

မွန်း အံ့သြပြီး ကိုကို့ကို ကြည့်မိလိုက်သည်။ ကိုကိုကလဲ မွန်းကို ချစ်နေတာတဲ့လား...မွန်း အရမ်းပျော်တာပဲ ကိုကိုရယ်...မွန်းလဲ ကိုကို့ကို အရမ်းချစ်တယ်...ဒါပေမဲ့ ကိုကိုရယ် ဖေဖေ နဲ့ မေမေက မွန်း ရဲ့ ကျေးဇူးရှင်တွေပါ။ သူတို့ စိတ်ဆင်းရဲမယ့်အလုပ်မျိုး မွန်း မလုပ်ပါရစေနဲ့...ကိုကို ဖေဖေ့ ဆန္ဒကို လိုက်လျောပြီး လက်ထပ်လိုက်တာ အကောင်းဆုံးပါ ကိုကိုရယ်....😢😢

'မဟုတ်သေးဘူးလေ ကိုကို မွန်းတို့က မောင်နှမတွေလေ အဲ့လိုမျိုး မဖြစ်နိုင်ဘူး မွန်းလဲ ကိုကို့ကို အကို တစ်ယောက်လိုပဲ ချစ်တယ်'

ကိုကို့ကို လိမ်ရတာ မလွယ်ပါဘူး ကိုကိုရယ်...မွန်း ရင်တွေ ကွဲမတတ်ခံစားနေရပါတယ်...

'မွန်းလေး ကိုကို့ကို တကယ်ပြောနေတာလား မွန်းလေး တကယ်ပဲ ကိုကို့အပေါ်ကို မောင်နှမထက် ပိုတဲ့ သံယောဇဉ်မရှိလား မွန်းလေးသာ ကိုကို့ကို ချစ်တယ်ပြောလိုက် ကိုကို ဖေဖေတို့ကို အားလုံး ပြောပြပြီး မွန်းလေးနဲ့ လက်ထပ်မယ်'

"အဖြူရောင် စည်း"Where stories live. Discover now