လူတိုင်းကတော့ လွတ်လပ်စွာ ဘဝကိုဖြတ်သန်းချင်ကြသည် ။
တချို့ကတော့ လွတ်လပ်စွာ
နေထိုင်ရပ်တည်နိုင်သည် ။
တချို့ကတော့ မိဘလောင်းရိပ် ၊ ဘဝလက်တွဲဖော်လောင်းရိပ်ကနေ မလွတ်မြောက်နိုင်ဘဲ ချုပ်နှောင်ခံ ကြရသည် ။သျှား ဘဝကကော......... ။
လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ လိပ်ပြာငယ်လေးသာဖြစ်လိုက်ချင်ပါသည် ။
ဒါပေမဲ့ စိတ်ကူးနဲ့ လက်တွေ့ဟာ ကွာခြားလွန်းတယ် ဆိုတာ သျှားမေ့နေခဲ့တာ ။သျှား နာမည် *သျှားရန် *
သျှားဟာ ဖန်ပုလင်းထဲမှာ ပိတ်ခံထားရတဲ့ လိပ်ပြာငယ်လေးလိုပဲ ။သျှားရဲ့ နေ့ရက်တိုင်းဟာ
အသက်ရှုတောင်မဝဘူး ။ဟက်....ဘာလို့လဲဆိုတော့
သျှားဆိုတဲ့ လိပ်ပြာလေးကို ဖန်ပုလင်းထဲမှာ မသေမရှင် အသက်ရှုကြပ်ပြီးမပျံသန်းနိုင်အောင်
ဖမ်းချုပ်ထားလို့ပေါ့..... ။သျှားခုဆိုရင် အသက် ၁၉နှစ် ၊
သျှား က စီးပွားရေးတက္ကသိုလ်မှာ
ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီလေ၊
သျှား ဘဝရဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးသွားတဲ့
အချိန်ဟာ သျှား ၈တန်းကျောင်းသားထဲကပေါ့။သျှား ဘဝရဲ့ ကံကြမ္မာဟာ သျှားကို၈တန်းအရွယ်မှာတင် ဆိုးရွားစွာ ရက်စက်ခဲ့တာပါ ။
သျှားရဲ့ မိဘတွေ နယ်ကို အလုပ်ကိစ္စ နဲ့သွားရင်း
အပြန်မှာ ကားမှောက်ပြီးဆုံးပြီတဲ့ ။ဟက်.....ရယ်ရတယ်နော် ။
ခုမှ ၁၄နှစ်သာသာရှိသေးတဲ့ကလေးကို
ကံကြမ္မာဟာ တယောက်ထဲရင်ဆိုင်ခိုင်းသည် ။ ရက်စက်လှတဲ့ကံကြမ္မာရယ်.....။သျှားဟာခုဆို မိဘမဲ့ ၊ တစ်ကောင်ကြွက်ဘဝကို
ရောက်သွားခဲ့ပြီလေ ။ ဖေနဲ့ မေရယ် ၊ သျှားရယ်
ပျော်ရွှင်ရယ်မောနေတဲ့ ပုံရိပ်လေးတွေ ၊
ဖေနဲ့မေက သျှားကိုဆို သိပ်ချစ်ခဲ့တာ ။သျှားကို ဖေနဲ့မေက မခွဲနိုင်ဘူး ထင်ခဲ့မိတာ ၊
အမှန်ဆို သျှားပါလိုက်ခဲ့ရမှာ...... ။ခုတော့.....
ဘာလို့များ သျှားကိုထားခဲ့ရတာလဲ ။
ဖေနဲ့မေကို သျှားမခွဲနိုင်ဘူး ။
![](https://img.wattpad.com/cover/169350416-288-k505639.jpg)
VOCÊ ESTÁ LENDO
လွတ်လပ်ခွင့်
Romanceမင်းမမြင်တဲ့ တခြားကမ္ဘာမှာ ကိုယ်က လူကောင်းတစ်ယောက်🙂 မင်းသိတဲ့ ကမ္ဘာမှာကိုယ်က လူဆိုးတစ်ယောက် * ဘုန်းဝင့်ဟန် * သျှား ရဲ့ နှလုံးသားက မာန်အစစ်ကို ရွေးချယ်ပေးနိုင်တယ်...... သျှား ချစ်တာ မာန့်ကို ** သျှားရန် ** သူလေးကို အရွဲ့တိုက်ချင်စိတ်နဲ့ စခဲ့တဲ့ ဇာတ်လမ...