သျှား စာထဲမှာလည်း စိတ်မပါတော့တာကြောင့်
စာအုပ်တွေသိမ်းပြီး ကိုယ့်အခန်းထဲသာ ပြန်လာခဲ့သည် ။ မှန်ထဲကြည့် ကြည့်တော့ ခုနက
မာန် နမ်းလိုက်တဲ့နေရာက အနီကွက်ကြီး ဘာ့ကြောင့်ရယ်မသိ သျှား မျက်ရည်တွေဟာ သျှား ရဲ့ပါးပြင်ပေါ်ကို ကျရောက်လာသည် ။
သျှား ဟာ ယောကျာ်းလေးတစ်ယောက်ပါ ဒါပေမယ့် မာန့်ရဲ့ လိုသုံးတစ်ယောက်လိုမျိုးဖြစ်နေတဲ့ပုံမျိုး မာန်ဟာ သျှား ကို ပိုင်သည် ဆိုတာသိပေမယ့် အခုလိုမျိုးသူနမ်းချင်တဲ့အချိန်နမ်း ပြီးရင် ဘာမှမဟုတ်သလိုမျိုး လုပ်တာကို သျှား အရမ်းမုန်းသည် ။သျှား လည်း အနွေးထည် ကို အပေါ်က ထပ်ဝတ်ပြီး အိမ်အလုပ်တွေ ကူလုပ်ရအောင်ဆင်းလာခဲ့သည် ။ ဟုတ်သည်လေ သူများအိမ်မှာ ကပ်နေရတာ မိမိကိုကျောင်းထားပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေသည် ။ အခန့်သားထိုင်စားလို့မဖြစ် နမို့ဆိုရင် ကိုယ့် လိပ်ပြာကိုယ်မလုံ..... ။
သျှား ပန်းပင်တွေရေလောင်းရန် ခြံထဲဆင်းလာခဲ့သည် ။
ရေပိုက်ကိုယူကာ ရေဖွင့်ပြီး ပန်းလေးတွေကို ရေလောင်းနေလိုက်သည် ။
ရေလောင်းနေတဲ့ကောင်လေးဟာ အခန်းထောင့်ကနေ မိမိကိုခိုးကြည့်နေတဲ့ကောင်လေးကိုမမြင်နိုင်ခဲ့.....။မာန် နမ်းလိုက်တဲ့နေကစပြီး သျှား တစ်ယောက်
မာန်ကိုတက်နိုင်သလောက်ရှောင်သည် ။ အိမ်အလုပ်တွေဝိုင်းကူလိုက် စာလုပ်လိုက်နဲ့ပဲ သျှား အချိန်တွေကို ကုန်ဆုံးစေသည် ။
မာန်လည်း ဟိုတစ်ခါဖြစ်ပြီးထဲက သျှား ကို
စကားသိပ်မပြော......သျှား လည်း မခေါ်မိ ။ဒီလိုနဲ့ သျှား ဒီအိမ်ကို ရောက်လာခဲ့တာ တစ်လတောင်ရှိသွားပြီ မာန့်အဖေကတော့
သျှား ရောက်ထဲကခရီးထွက်နေသည်တဲ့ မာန့်အမေကိုတော့ သျှား မတွေ့မိ ။ မေးလည်းမမေးပါ စပ်စုရတာ သျှား မကြိုက်လို့လည်းဖြစ်သည် ။မနက်ထဲက မာန့်ကို ယုခက်လာခေါ်သွားသည် ။
ယုခက်ကလည်း အရင်တုန်းကလို သျှားအနားမှာ
မာန်ရှိနေတာကို မတွေ့ရတော့ သျှား ကိုလည်းသိပ်ပြီး ပြဿနာမရှာပေ ။
ဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့
အင်္ကျီ လက်ပြတ်လေးကို ဝတ်ထားပြီး ဒူးလောက်ဘောင်းဘီကို ပေါ့ပေါ့ပါးပါးလေးဝတ်ထားသည် ။ နေပူတာကြောင့်လည်း ဖြစ်မည် ။
ခြံထဲမှာ ဦးဝင်းနှင့် ပန်းအိုးတွေဝိုင်းရွှေ့နေတာကြောင့်ရော ၊ ပန်းပင်တွေကိုပေါင်းသင် ရေလောင်းနေတာကြောင့် ပန်းရောင်အသားလေးရွံ့လေးတွေနှင့် ညစ်ပတ်နေသည် ။
![](https://img.wattpad.com/cover/169350416-288-k505639.jpg)
VOCÊ ESTÁ LENDO
လွတ်လပ်ခွင့်
Romanceမင်းမမြင်တဲ့ တခြားကမ္ဘာမှာ ကိုယ်က လူကောင်းတစ်ယောက်🙂 မင်းသိတဲ့ ကမ္ဘာမှာကိုယ်က လူဆိုးတစ်ယောက် * ဘုန်းဝင့်ဟန် * သျှား ရဲ့ နှလုံးသားက မာန်အစစ်ကို ရွေးချယ်ပေးနိုင်တယ်...... သျှား ချစ်တာ မာန့်ကို ** သျှားရန် ** သူလေးကို အရွဲ့တိုက်ချင်စိတ်နဲ့ စခဲ့တဲ့ ဇာတ်လမ...