ဒဏ္ဍာရီဆိုတဲ့ အရာကို ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ဖူးတယ်။
သူ့ရဲ့ နောက်ကွယ်က တကယ့်အဖြစ်အပျက်တွေကို မသိခဲ့ခင်အထိပေါ့။ လက်တွေ့ကိုယ်တိုင် ကြုံတွေ့လာရတဲ့ အချိန်မှာတော့ ယုံကြည်လက်ခံလာမိတယ်။
အကြောင်းအရာတစ်ခုစီတိုင်းမှာလည်း အဖြစ်အပျက်အချို့ကတော့ ရှိတတ်စမြဲဆိုတာ...။~~~~~~~~~~
့ဆောင်းရာသီရဲ့ အအေးဓာတ်က ခိုက်ခိုက်တုန်လှအောင်
ပြင်းထန်လွန်းပေမယ့် တဖွဲဖွဲကျနေတဲ့ နှင်းတွေကတော့ သိပ်ကို အနုပညာဆန်လွန်းလှတယ်။ ဆောင်းကို မနှစ်သက်ပေမယ့်လို့ အမှတ်တရတွေ များလွန်းလှတဲ့ ဆောင်းက
တန်ဖိုးရှိနေပြန်သေးတယ်။ သေချာစဉ်းစားကြည့်ပြန်ရင်လည်း
ပူလောင်နေတဲ့ နွေထက်စာရင်... အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ ဆောင်းကပဲ ဒဏ်ရာဟောင်းကို ပိုပြီး သက်သာစေနိုင်မလားပဲ...။ အတွေးအချို့သက်သက်ရယ်ပါ... နာကျင်ခြင်းကော၊ ပျော်ရွှင်ခြင်းပါ တစ်ထပ်တည်း ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အရာက ဆောင်းပဲမဟုတ်လား...။အဆက်မပြတ်ကျနေတဲ့ နှင်းတွေနဲ့အတူ လေဝှေ့တိုင်း
ရိုက်ခတ်လာတဲ့ ဆောင်းလေအေးအေးက မနက်ခင်းရဲ့
အကဲပိုလွန်းလှတဲ့ အအေးဒဏ်ကို သက်သေပြနေတယ်။
သွေးပူလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်အောင်... လမ်းထွက်
လျှောက်ဖို့ စီစဉ်ထားတော့ အအေးဒဏ်ကို ခံသာအောင်
မရိုးနိုင်တဲ့ ပုဝါအနီလေးကိုသာ လည်ပင်းထက် နေရာယူ
စေလိုက်ရင်း လမ်းလျှောက်ထွက်လာခဲ့လိုက်တယ်။လမ်းတစ်လျှောက်မှာတော့ ... သူသူငါငါလမ်းလျှောက်ကြသလို ၊ စက်ဘီးစီးနေတဲ့လူ၊အားကစားလုပ်နေတဲ့လူတွေနဲ့ စုံလင်လို့နေရဲ့ ..။ ကဗျာဆန်ဆန် ဖူးပွင့်နေရင်း လေဝှေ့သွားတိုင်း ပါသွားတဲ့ ချယ်ရီပွင့်ဖတ်တချို့က မြင်ကွင်းကို
လှသထက်လှအောင် ကူညီပေးနေတယ်။
ကမ္ဘာကျော် ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီထက်ကို
ပိုအသက်ဝင်လွန်းတာတော့ ငြင်းနိုင်မည်မထင်။
YOU ARE READING
Red String
Short Storyyou are so quiet in pain but wordlessly, your cries pluck at the red string connecting your heart and mine Taegi cover photo by: JaejoongHtike