မှန်ဘောင်ကတစ်ဆင့် မြင်နေရတဲ့ တလက်လက် တောက်ပနေတဲ့ ပုံစံအမျိုးမျိုးနဲ့ ဆင်တူ လက်စွပ်လေးတွေကို
ကြည့်ရင်း သူဆုံးဖြတ်ချက်ချဖို့ ခက်ခဲလို့နေတယ် ။
ပုံစံတစ်မျိုးစီ ကြည့်ကောင်းနေပြန်တော့ စိတ်များတာလည်း
ပါလေရဲ့ ။ မှန်ဘောင်ကို တတောက်တောက် ခေါက်နေမိရင်း
လက်စွပ်တွေကို စုံအောင် ကြည့်ပြီး စိတ်တိုင်းကျ
ရွေးနေမိပေမယ့်လည်း တစ်ဖက်က စောင့်နေတဲ့ သူ ပျင်းနေမှာကိုလည်း စိုးရိမ်မိနေတယ် ။" အစ်ကို ဒီတစ်ခုကို ကြည့်မလား သူရဲ့အဓိပ္ပါယ်လေးကလည်း ဆန်းတယ် "
အရောင်းဝန်ထမ်းမလေး ညွှန်ပြတဲ့ လက်စွပ်ကို ကြည့်မိတော့ ဒီဇိုင်းအဆန်းလေးနဲ့ တောက်ပနေတဲ့ စိန်လက်စွပ်တစ်စုံ ။
အဓိပ္ပါယ်လည်း သတ်မှတ်ထားသေးတယ်
ဆိုတာတော့ စိတ်ဝင်စားမိသွားတယ် ။" ဒါဆို အဲ့တာလေး ပြပေးပါ "
ထုတ်ပြပေးလာတဲ့ လက်စွပ်ကို တစ်ကွင်းစီ သေချာကြည့်မိတော့ လက်ရာကအတော် သေသပ်လှတယ် ။
စုံတွဲလက်စွပ် ဆိုပေမယ့်လို့ ပုံစံမတူအောင်လုပ်ထားတယ် ။" အဲ့လက်စွပ်လေးတွေရဲ့ အဓိပ္ပါယ်က ကံကြမ္မာက
သတ်မှတ်ထားတဲ့ စုံတွဲလို့ဆိုလိုပါတယ် "ဝန်ထမ်း ကောင်မလေးရဲ့ စကားကြောင့်ပိုပြီး
နှစ်သက်မိသွားတယ် ။ ဒီနေ့က ခရစ်စမတ်နေ့ ...
Yoongi ကနောက်နေ့ ပြန်တော့မှာဆိုတော့ ပိုပြီး အကျိုးရှိရှိ အမှတ်တရလည်းဖြစ်အောင်
စဉ်းစားလိုက်ခြင်းအပြင် Yoongi ကိုလည်း နောက်တစ်ကြိမ် အခွင့်အရေး ပေးဖို့ တောင်းဆိုရန် စီစဉ်ထားခြင်းသာ။လက်စွပ်လေးရဲ့ ဖွင့်ဆိုချက်အတိုင်း ကံကြမ္မာက သတ်မှတ်ပေးထားတယ်ဆိုရင်တော့ Yoongi သူ့ကိုပြန်လက်ခံနိုင်ကောင်းပါရဲ့ ။ တွေးရင်း ပိုတက်ကြွလာတယ်။
ဒီနေ့မှ အရာရာက နှေးနေသလို ။ ဝန်ထမ်းမလေး ပါကင်ပိတ်နေသည်ကိုပင် စိတ်မရှည်နိုင်တော့။
ချိန်းထားသည့် အချိန်ကိုတောင် ရောက်ခါနီးနေပြီ။
YOU ARE READING
Red String
Short Storyyou are so quiet in pain but wordlessly, your cries pluck at the red string connecting your heart and mine Taegi cover photo by: JaejoongHtike