နှင်းတွေဟာ နူးညံ့လွန်းပေမယ့် တစ်ခါတစ်ရံတော့လည်း
နာကျင်မှုတွေ ယူဆောင်လာပေးတဲ့ နှင်းတွေဟာ ရက်စက်
လွန်းခဲ့ပြန်တယ်....။ချယ်ရီပန်းတွေဟာလည်း... ကဗျာဆန်ဆန် လှပလွန်းလှတယ်
ဒါပေမယ့် ရင်ထဲက ဒဏ်ရာတွေကိုတော့
ကုစားပေးဖို့ မတတ်နိုင်ခဲ့ပြန်ဘူး... ။ဆောင်းရဲ့ ညဟာ မဟူရာကောင်းကင်ကြီးကို ကြယ်လေးတွေနဲ့
လှပအောင် တန်ဆာဆင်ထားပေးပေမယ့်
သူ့ အတွက်ကတော့ အကျည်းတန်နေပြန်တယ်။သူလက်နဲ့ ဖန်တီးပေးခဲ့တဲ့ ကော်ဖီပူပူတစ်ခွက်ကိုလည်း
တောင့်တ မိပြန်ရော ။အပြင်မှာ နှင်းတွေ ကျနေပြီ။
ဒီနှစ်ရဲ့ ပထမဆုံးကျတဲ့ နှင်း...။
သူနဲ့ အတူတူကြည့်ရင်း ကော်ဖီပူပူတစ်ခွက်နဲ့ ဖြတ်သန်းချင်မိတယ်။
ဒါပေမယ့် သူကတော့... ဆက်အိပ်နေဆဲပဲ။ဒီနှစ်မရတော့လည်း... နောက်နှစ်တော့ သူနဲ့အတူ
ဒီအချိန်လေးကို ဖြတ်သန်းနိုင်ကောင်းပါရဲ့... ။ကျေးဇူးပြု၍ နိုးထလာပေးပါတော့ ချစ်ရသူ...။
❄❄❄❄
Yoongi တစ်ယောက် MMA မှာ သူဖျော်ဖြေရမယ့်
အလှည့်ကို ရင်ခုန်စွာ စောင့်နေမိတယ်။ အဆိုတော် ဖြစ်လာ
တာ ကြာခဲ့ပြီ ဆိုပေမယ့်လို့.. စင်ပေါ်တက်ခါနီးတိုင်း
ရင်ခုန်တတ်တာကတော့ သဘာဝပင်...။
လေပူတွေကို မှုတ်ထုတ်လိုက်ရင်း.. စိတ်ကို အကောင်းဆုံး
ဖြစ်အောင် ပြင်ဆင်လိုက်တယ်။ staff အချို့ကလည်း
ဆံပင်နဲ့ မိတ်ကပ်ကို အဆင်ပြေအောင် ပြန်ညှိပေးနေတယ်။
သိပ်မကြာလိုက်... သူ့အလှည့်ရောက်လာခဲ့ပြီ။စင်ပေါ်တက်တက်လိုက်ခြင်း ကျယ်လောင်စွာ ပေါ်ထွက်လာတဲ့
အားပေးသံများက သူ့အတွက် အားဆေးတစ်ခွက်
ဖြစ်နေခဲ့တယ်။ အောက်ဆုံးအထိ ကျနေခဲ့တဲ့ သူ့စိတ်အစုံကို
ပြန်ဆွဲတင်ပေးခဲ့ကြတဲ့ သူ့ရဲ့ fanတွေ ။
Fan တွေအတွက်ရော သူ့ရဲ့ တစ်စုံတစ်ယောက်သော
သူအတွက် ဒီနှစ်တွေအတွင်း သူကြိုးစားခဲ့သလောက်
သူ့အောင်မြင်မှုဟာလည်း နိုင်ငံပေါင်းများစွာကို ထိုးဖောက်နိုင်
တဲ့အထိ။
YOU ARE READING
Red String
Short Storyyou are so quiet in pain but wordlessly, your cries pluck at the red string connecting your heart and mine Taegi cover photo by: JaejoongHtike