Again

5.6K 238 18
                                    

ဒဏ္ဍာရီဆိုတဲ့ အရာကို ခပ်​​ပေါ့​ပေါ့ပဲ သ​ဘောထားခဲ့ဖူးတယ်​။
သူ့ရဲ့​ ​နောက်​ကွယ်​က တကယ့်​အဖြစ်​အပျက်​​တွေကို မသိခဲ့ခင်​အထိ​ပေါ့။ လက်​​တွေ့ကိုယ်​တိုင်​ ကြုံ​တွေ့လာရတဲ့ အချိန်​မှာ​တော့ ယုံကြည်​လက်​ခံလာမိတယ်​။
အ​ကြောင်းအရာတစ်​ခုစီတိုင်းမှာလည်း အဖြစ်​အပျက်​အချို့က​တော့ ရှိတတ်​စမြဲဆိုတာ...။

~~~~~~~~~~

့​ဆောင်းရာသီရဲ့ အ​အေးဓာတ်​က ခိုက်​ခိုက်​တုန်​လှ​အောင်
ပြင်းထန်​​လွန်း​ပေမယ့်​ တဖွဲဖွဲကျ​နေတဲ့ နှင်း​တွေက​တော့ သိပ်​ကို အနုပညာ​ဆန်​လွန်းလှတယ်​။ ​ဆောင်းကို မနှစ်​သက်​​ပေမယ့်​လို့ အမှတ်​တရ​တွေ များလွန်းလှတဲ့ ​ဆောင်းက
တန်​ဖိုးရှိ​နေ​ပြန်​​သေးတယ်​။ ​သေချာစဉ်းစားကြည့်​ပြန်​ရင်​လည်း
ပူ​လောင်​​နေတဲ့ ​နွေထက်​စာရင်... ​အေးချမ်းမှုကို ​ပေးစွမ်းနိုင်​တဲ့ ​ဆောင်းကပဲ ဒဏ်​ရာ​ဟောင်းကို ပိုပြီး သက်​သာ​စေနိုင်​မလားပဲ...။ အ​တွေးအချို့သက်​သက်​ရယ်​ပါ... နာကျင်​ခြင်း​ကော၊ ​ပျော်​ရွှင်​ခြင်းပါ တစ်​ထပ်​တည်း ​ပေးစွမ်းနိုင်​တဲ့ တစ်​ခုတည်း​သော အရာက ​ဆောင်းပဲမဟုတ်​လား...။

အဆက်​မပြတ်​ကျ​နေတဲ့ နှင်း​တွေနဲ့အတူ ​လေ​ဝှေ့တိုင်း
ရိုက်​ခတ်​လာတဲ့ ​ဆောင်း​လေ​အေး​အေးက မနက်​ခင်းရဲ့
အကဲပိုလွန်းလှတဲ့ အ​အေးဒဏ်​ကို သက်​​သေပြ​နေတယ်​။
သွေးပူ​လေ့ကျင့်​ခန်းလုပ်​ပြီးသားဖြစ်​​အောင်​... လမ်းထွက်
လျှောက်​ဖို့ စီစဉ်​ထား​တော့ အ​အေးဒဏ်​ကို ခံသာ​အောင်
မရိုးနိုင်​တဲ့ ပုဝါအနီ​လေးကိုသာ လည်​ပင်းထက်​ ​နေရာယူ
စေလိုက်​ရင်း လမ်း​လျှောက်​ထွက်​လာခဲ့လိုက်​တယ်​။

လမ်းတစ်​​လျှောက်​မှာ​တော့ ... သူသူငါငါလမ်း​လျှောက်​ကြသလို ၊ စက်​ဘီးစီး​နေတဲ့လူ၊အားကစားလုပ်​​နေတဲ့လူ​တွေနဲ့ စုံလင်​လို့​နေရဲ့ ..။ ကဗျာဆန်​ဆန်​ ​ဖူးပွင့်​​နေရင်း ​လေ​ဝှေ့သွားတိုင်း ပါသွားတဲ့ ချယ်​ရီပွင့်​ဖတ်​တချို့က မြင်​ကွင်းကို
လှသထက်​လှ​အောင်​ ကူညီ​ပေး​နေတယ်​။
ကမ္ဘာ​ကျော်​ ပန်းချီဆရာတစ်​​ယောက်​ရဲ့ ပန်းချီထက်​ကို
ပိုအသက်​ဝင်​လွန်းတာ​တော့ ငြင်းနိုင်​မည်​မထင်​။

Red String Where stories live. Discover now