' ချည်နှောင်ခြင်း ' ဆိုတဲ့ ကြိုးက ဘယ်လောက်ရှုပ်ထွေး
ပါစေ... ဘယ်တော့မှ မပြတ်သွားဘူးတဲ့...။
ငါ့ကိုယ်ထဲက သွေးကြောလေးတွေကပြောတယ်
ငါတို့ နှလုံးသားချင်း ချိတ်ဆက်ထားတဲ့ ကြိုးလေးကလည်း
အခုထက်ထိ မပြတ်သေးဘူးတဲ့လေ....။❄❄❄❄❄❄
ညနေစောင်းချိန်လောက်ရောက်တော့ Yoongi က အိမ်ရှေ့ခန်းက ဆိုဖာပေါ်ထိုင်နေရင်း ပေါင်ပေါ် လက်ပ်တော့ တင်ပြီး စာရိုက်နေတာလား၊ အိပ်ငိုက်နေတာလား မသဲကွဲ ။
လက်ထဲမှာတော့ ဆိုင်က အချိန်ပိုင်း ဝန်ထမ်းကောင်မလေးရဲ့ ပြတ်သွားတဲ့ ရည်းစားနဲ့ မသွားဖြစ်တော့လို့ ပေးထားတဲ့ရုပ်ရှင်လက်မှတ်နှစ်စောင်ကို ကိုင်ရင်း သူ့ကို ခေါ်သင့် မခေါ်သင့်
ဆုံးဖြတ်ရခက်လို့ နေတယ် ။
လက်ပတ်နာရီက နာရီလက်တံကလည်းသွားရမယ့် အချိန်ကို မကြာခင် ညွှန်ပြတော့မယ်လေ ။စိတ်မနိုင်သေးဘဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း ..." ရားးးး Kim Tae Hyung ! "
ရုတ်တရက် ထအော်လိုက်တဲ့ Yoongiကြောင့် သူ့တစ်ကိုယ်လုံး တုန်ခနဲ ဖြစ်သွားရတဲ့ အထိ ။ ကံကောင်းသည်က သူ့အနားမှာ ပေါက်စရာပစ္စည်းတစ်ခုခု ရှိမနေခြင်း ။ မဟုတ်ရင်တော့ Tae Hyungဆီ တစ်စုံတစ်ခု ဝဲလာမှာ
အမှန်ပင်။" အ..အင်း ပြောလေ "
" အဲ့တာ ဘာလုပ်နေတာလဲ မျက်စိတွေ နောက်
လာပြီနော် အိပ်လို့ကို မရဘူး "" ဟမ်..အိပ်နေတာဆို ငါ့ကို မျက်လုံးမှိတ်ပြီး
ဘယ်လို မြင်နေရတာလဲ "ကြောင်အအနဲ့ သူမေးလိုက်တော့ ကိုယ်တော်ချောက ပေါင်ပေါ်က လက်ပ်တော့ကို စားပွဲပေါ် တင်လိုက်ပြီး လက်ပိုက်ကာ အချေဒီဇိုင်းနဲ့ ခြေချိတ်ထိုင်လိုက်တော့ မသိရင် အဖေက သားကို ဆုံးမနေသလို။ အခြေအနေက အတော်လေး
ကိုးယို့ ကားယား နိုင်လှတယ်...။
YOU ARE READING
Red String
Short Storyyou are so quiet in pain but wordlessly, your cries pluck at the red string connecting your heart and mine Taegi cover photo by: JaejoongHtike