နှင်းဖွေးဖွေးတွေ ကြားမှာ ရောင်စုံအနွေးထည်တွေနဲ့
လှုပ်ရှားသွားလာနေကြတဲ့ လူအချို့နှင့်အတူတောင်ကိုရီးယား နိုင်ငံရဲ့... ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်တဲ့ ချယ်ရီပင်တွေ ၊
မြင်လိုက်တာနဲ့တင် သရေကျချင်ဖွယ်ကောင်းလှတဲ့
အငွေ့တထောင်းထောင်းနဲ့ အစားအစာအချို့ကို ရိုက်ကူးပြီး တင်ဆက်တဲ့ TV လိုင်းတွေကို ကြည့်ရင်း..
ပျင်းရမယ်မှန်းမသိလောက်အောင် စိတ်ဝင်စားဖို့
ကောင်းလွန်းလှတယ် ။ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်ကို ထောက်ပံ့ပေးတဲ့ ကော်ဖီပူပူ တစ်ခွက်ကလည်း မပါမဖြစ် ။အချိန်ဇယားတွေလည်း အကုန်ဖျက်ထားခဲ့တော့.. စိတ်လွတ်ကိုယ်လွတ်ရှိလှတယ် ။
သူဒီလို မနေခဲ့ရတာလည်း အတော် ကြာခဲ့ပြီလေ ။
Daegu ကို ပြန်လာဖို့ သူဆုံးဖြတ်လိုက်တာ မှန်သွားသလို။
အကြောင်းပြချက် ရေရေရာရာမရှိဘဲ အနားယူမယ်လို့
ပြောခဲ့ပြီး.. တစ်စုံတစ်ယောက်ကို လွမ်းတာလည်းပါတာကြောင့် တဇွတ်ထိုး ထွက်လာခဲ့ခြင်းသာ...။တစ်စုံတစ်ယောက်ဆိုတာ သူ့အတွက်နှစ်ယောက်မရှိတဲ့
သူ့အချစ်ဦး Tae Hyungပင်။ရင်ထဲမေ့ပျောက်လို့ မရတဲ့ အချစ်ဦးပါပဲ ။သူငယ်ချင်းတွေအဖြစ် အနေကြာလာတော့ ပိုပြီး
ချည်နှောင်လာတဲ့ သံယောဇဉ်တွေရယ် အဖြူရောင်သက်သက် မဟုတ်တော့တဲ့ အချစ်တွေရယ်ကြောင့်... နှစ်ယောက်အတူ လက်တွဲဖော်အဖြစ် သတ်မှတ်ခဲ့ကြတယ် ။
မိဘတွေချင်းကလည်း အဆင်ပြေနေတာတော့ အခက်အခဲ ထွေထွေထူးထူး မရှိခဲ့ ။နှစ်ယောက်သား ကိုယ်ပိုင်ငွေရှာပြီး လက်ထပ်ပြီးရင် အတူနေကြဖို့ အိမ်ဝယ်ခဲ့တယ် ။
လက်ထပ်ပြီးမှ ဆိုပေမယ့်လို့ ဒီအိမ်လေးက
သူတို့ နှစ်ယောက်ရဲ့ ဘုံဗိမာန်လေးတစ်ခု။ဒီအိမ်လေးထဲမှာပဲ အချစ်တွေ အလှဆုံး ပုံဖော်ခဲ့ကြသလို အနာဂတ်အတွက်ဆေးရောင်တွေလည်း ခြယ်ခဲ့ကြတယ် ။
တစ်ယောက်နဲ့တစ်ယောက် အပျော်တွေ ဝေမျှခဲ့ကြတယ်။
ဒါပေမယ့် အဲ့အပျော်တွေက ကြာကြာတော့ မခံခဲ့။
YOU ARE READING
Red String
Short Storyyou are so quiet in pain but wordlessly, your cries pluck at the red string connecting your heart and mine Taegi cover photo by: JaejoongHtike