Zawgyi
"အမေ သားတို့ ကိုလတ်ကိုထုတ်ပေးလိုက်မယ်ဆိုရင် အဖေစိတ်ဆိုးလိမ့်မယ်နော်"
လော်ရီလေးသူ့အမေကိုပြောတော့
"အမလေးလေး သူကပဲစိတ်ဆိုးရဦးမယ် ဆိုးရမယ့်လူကငါပါ"လီယွဲ့ဟွာကပထမတော့ စိတ်ညစ်သွားပုံရပေမယ့် နောက်တော့ဒေါသထွက်သွားပုံပေါ်တယ်
"အိမ်မှာဒီလောက်ထားစရာနေရာတွေပေါနေတာကို ငါ့သားလေးကိုသူကထင်းအိမ်ထဲသွားထားတယ်လေ မင်းကိုလတ်အအေးပတ်မှာတွေဘာတွေကိုလည်းသူကစိတ်ပူဖော်မရဘူး"
လီယွဲ့ဟွာကလော်ဖေးသူမကိုယ်ပေါ်မှီလို့ရအောင်လုပ်ပေးထားတယ်
"သားလေး ဘာမှစိတ်မပူနဲ့ အမေမင်းအဖေကိုပြောပေးမယ် ဒါပေမဲ့နောက်တစ်ခါအဲ့လိုမျိုးထပ်မလုပ်ပါဘူးလို့အမေ့ကိုကတိပေးရမယ် ကျန်းရန်ဖန်းကကောင်းတဲ့လူမဟုတ်ဘူး သူတောင်သားကိုမလိုချင်တာ ငါတို့ကလည်းသူ့ကိုမလိုချင်ပါဘူး အမေတို့သူ့ထက်ပိုကောင်းတဲ့လူကိုသားအတွက်ရှာပေးမယ် ဟုတ်ပြီလား"
" ဟုတ်ကဲ့ သားသိပါပြီ"
လော်ဖေးကမဖြေချင်ဖြေချင်နဲ့ပြန်ဖြေတယ် ပတ်ဝန်းကျင်အသစ်မှာသူသိပ်နေသားမကျသေးဘူး အဲ... အဲ့လိုတော့မဟုတ်သေးဘူး တကယ်တော့သူအပေါ့သွားချင်နေတာ"အမေ သားရေအိမ်သွားလိုက်ဦးမယ်" လော်ဖေးကပြောတယ်
"ကျွန်တော်ကိုလတ်ကိုတွဲပေးမယ်လေ"လော်ရီလေးကလာတွဲပေးတော့ သူလည်းငြင်းမနေတော့ပဲ လော်ရီလေးကိုပဲမှီပြီးလိုက်သွားလိုက်တော့တယ်
ရေအိမ်ကစိုက်ခင်းတွေနဲ့သိပ်မဝေးဘူး အိမ်ရဲ့ဘယ်ဖက်ကလမ်းကလေးကိုသွားလိုက်ရင်ပဲရောက်ပြီ တကယ်တမ်းရေအိမ်ရောက်တော့ကျပြဿနာကိုအရင်မရှင်းနိုင်ပဲ ပြောင်တလင်းခါနေတဲ့စိုက်ခင်းကြီးကိုပဲ သူငေးနေမိတယ်
သူ့ရဲ့အခုလက်ရှိအခြေအနေကနှစ်ပေါင်းများစွာအကျဉ်းကျပြီးမှ လွတ်လာတဲ့လူတစ်ယောက်လိုပဲ တကယ်မဟုတ်ပေမဲ့သူ့ကိုယ်သူ လူ့အသိုင်းအဝိုင်းနဲ့ကင်းကွာနေသူတစ်ယောက်လိုခံစားနေရတယ်
တစ်ချို့လူတွေကတိုးတက်ပြောင်းလဲတဲ့ခေတ်ကြီးနဲ့အသားမကျနိုင်ဘူးလို့ပြောကြတယ် သူ့ကျမှရှေးခေတ်နဲ့အသားမကျဖြစ်နေရတယ်လို့ တကယ်ဟာသပါပဲ
CZYTASZ
Begging you to break off this engagement!(MM Translation)
Historyczneရှီရန်ချင်းနဲ့ရည်းစားလုဖက်ဖြစ်ရတာကလော်ဖေးအတွက်ပြဿနာမရှိပါဘူး ဒါပေမဲ့ပြဿနာကအဲ့ဒီရည်းစားလုဖက်နဲ့သူကရှေးခေတ်ကိုအတူရောက်သွားပြီးအဲ့ဒီမှာသူတို့ ၂ ယောက်ကလူကြီးချင်းသဘောတူပြီးသားဖြစ်နေတာပဲ This is not my own story. All credits go to the original author and...