7

3.3K 527 20
                                    

(Zawgyi)

နေဝင်ဆည်းဆာချိန်ကိုရောက်တဲ့အခါ ဟွာပင်းရွာလေးမှာရှိတဲ့လော်အိမ်ဟာ တိတ်ဆိတ်သွားလေ့ရှိတယ် ဒါပေမယ့်ဒီနေ့ညမှာတော့ အိုးခွက်သံတွေနဲ့ဆူညံနေတယ်

လော်ဖေးဟာထိုင်နေရင်းနဲ့ အိုးအဖုံးကိုကြည့်ပြီး ရှုံ့မဲ့နေတယ်

"အားယိုး အဖေကလည်း သားကရှီအိမ်မှာရေချိုးရုံလေးပါ တစ်ခြားသူတွေကလည်း သိမှာမဟုတ်ပါဘူး သားတို့မိသားစုပဲသိတာလေ အဖေသာဘယ်သူ့ကိုမှမပြောဘူးဆိုရင် တစ်ခြားသူတွေကလည်းအတင်းပြောကြမှာမဟုတ်ပါဘူး ဘယ်သူကထွက်ပြီးလူတိုင်းကိုပြောမှာလဲ? တကယ်လို့ဘယ်သူမှမပြောဘူးဆိုရင် ဘယ်သူမှသိမှာမဟုတ်ပါဘူး အဖေကဘာလို့အရမ်းစိတ်ဆိုးနေရတာလဲ?"
လော်ထျန်းကသူ့ရဲ့အင်္ကျီလက်တွေကို ချိုင်းကြားအထိ လိပ်တင်လိုက်တယ် ပြီးတော့သူ့လက်ထဲမှာရှိတဲ့ ပန်ကိတ်ကလည်း ၂ ပိုင်းပိုင်းသွားတယ်
"မင်းကပြန်ပြောရဲသေးတယ်ပေါ့လေ! ငါဘာလို့စိတ်ဆိုးနေတယ်ထင်လဲ ဟမ်?!"

လော်ဖေးတွေးနေတယ် အဲ့ဒီဒေါသတွေဘယ်ကရောက်လာလဲဆိုတာ သူ့ခမျာမသိရှာဘူး! သူရေချိုးမိရုံလေးပဲမဟုတ်ဘူးလား? ဘာကမှားနေလို့လဲ?! အပြင်လူတွေသိမှာတောင်မဟုတ်ဘူး!

လော်ထျန်းကလော်ဖေးတစ်ယောက် တစ်ခြားသူတွေရဲ့စကားကိုနားမထောင်ပဲ သူလုပ်ချင်တိုင်းလုပ်နေတာကိုတွေ့တော့ ဒေါသထွက်သွားတယ်
"ဒီမယ် ဖေ့သားလတ်လေး မင်းအဖေက ဒီအသုံးမဝင်တဲ့အရာတွေကို မင်းနဲ့ပြိုင်ငြင်းမနေတော့ဘူး မင်းအဖေကမင်းပေါက်ကရတွေပြောနေတာကိုလည်း မကြားချင်တော့ဘူး! ဒါကိုပဲမှတ်ထား ငါနဲ့မင်းအမေ ရက်ကောင်းရက်မြတ်ရွေးပြီးတဲ့အခါ မင်းလက်ထပ်ရမယ်!မဖြစ်မနေ!ကြားလား?!"

လော်ဖေးတစ်ယောက်သူ့ကိုယ်သူ အရမ်းသတ္တိတွေရှိနေတယ်လို့ ခံစားလိုက်ရတယ် သူဝုန်းခနဲမတ်တပ်ထရပ်ပြီး
"အဲ့လောက်တောင်လက်ထပ်ပွဲလုပ်ချင်နေရင် ဘာလို့ကိုယ့်ဘာသာပဲသွားပြီး သူ့ကိုလက်မထပ်လိုက်တာလဲ!"
သူဒီလိုလူကြီးချင်းသဘောတူထားတဲ့လက်ထပ်ပွဲကို အရမ်းမုန်းတယ်!

"မင်းဘာပြောလိုက်တယ်?"
လော်ထျန်းကဒီလိုငြင်းဆန်မှုမျိုးကို ကြုံလိမ့်မယ်လို့ထင်မထားဘူး သူတကယ်ကြောင်သွားတယ် သတိပြန်ဝင်လာတော့ သူပိုပြီးကြမ်းတမ်းသွားတယ် ပန်ကိတ်တွေကိုကြမ်းပြင်ပေါ်ကိုပစ်ချပြီး လော်ဖေးကိုအော်တယ်
"မင်းကလက်မထပ်ဘူးလို့ပြောတယ်? မင်းလက်မထပ်လို့ကတော့ ဒီအဖေကမင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်ဆိုတာ မယုံမရှိနဲ့!"

Begging you to break off this engagement!(MM Translation)Donde viven las historias. Descúbrelo ahora