C&M.16

10.3K 987 49
                                    

" ကျစ် ! . . ဘာလို့ဖုန်းမကိုင်တာလဲ ! ! "

အချိန်သည်ကား ည၈နာရီတိတိ ။

Chanyeol တစ်ယောက် သူ့အိမ် ဧည့်ခန်းထဲတွင်
လက်ထဲက ဖုန်းတစ်လုံးကိုကိုင်လျက် ဟိုဆက်ဒီ
ဆက်နဲ့ သူ့ ကလေးပျောက်နေလို့ ထိုင်မရထမရ
တစ်ယောက်တည်း ယောက်ယက်ခတ်နေချိန် ။

သူတို့ နေထိုင်ရာ လူကုံထံ အသိုင်းဝိုင်းကြီးတို့ နေ
ထိုင်ရာဖြစ်သော ရပ်ကွက်နဲ့ နှစ်ရပ်ကွက်အကျော်
တွင်ရှိသည့် လူလတ်တန်းစားတို့နေသောရပ်ကွက်
၏လမ်းထိပ်တွင်ဖွင့်ထားသောအသားကင်ဆိုင်တွင်
Baekhyunနဲ့ နောက်လိုက် ရဲဖော်တို့ဖြစ်ကြသော
KyungSooနှင့် Luhan တို့နှစ်ယောက်မှာတော့အ
သောက်များပြီး စကားကောင်းနေကြသည် ။

ခေါင်းမထောင်နိုင်ဖြစ်နေသော်လည်း 'အသဲကွဲ
သည်'ဟုဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဆိုဂျိုပုလင်း
တို့ကို တစ်ခါမှာလျှင် ၃ပုလင်းပူးပူး​ပြီးမှာသည့်
အတွက် ခဏခဏ မှာပေါင်းထပ်သွားသည့်အခါ
သူတို့ထိုင်နေသော စားပွဲတွင်အစိမ်းရောင်ဆိုဂျို
ပုလင်းလေးတို့သည် အစီအရီနှင့် အလှဆင်လျက်
ပင် တည်ရှိလို့နေသည် ။

" ချကွာ ဟျောင့် ... အင့် ... သောက် .. အဝသာ
သောက် ဘာမှကို မမှတ်မိဘဲ မေ့သွားတဲ့အထိ
ကို သောက်ပစ် "

အသစ်ဖောက်ပြီး ဆိုဂျိုတွေအပြည့်ရှိသောအစိမ်း
ရောင် ဆိုဂျိုပုလင်လေးကိုကိုင်ထားသောလက်လေး
ကို Baekhyun လေထဲတစ်ချက်ဝေ့ရမ်းလျက်သူ့
အရှေ့တွင် သူနဲ့အတူ ထိုင်သောက်နေတဲ့ Luhanတို့
ဖန်ခွက်ထဲသို့ဆိုဂျိုများ မပြတ်ထည့်ပေးနေသလို ။

Kyung Sooနဲ့ Luhanတို့နှစ်ယောက်မှာလည်း
Baekhyun ခွက်ထဲကိုလာလာထည့်ပေးသော
ဆိုဂျိုတို့အား အားပေးကာတစ်ခွက်ပြီးတစ်ခွက်
သာချကောင်းကောင်းနဲ့ချလေသည် ။

" အေ့ .. ဟျောင့် ဒိုပြူး ပြောစမ်းပါဦး မင်းရဲ့ အ
ကြောင်း ဘယ်လိုဖြစ်တာလဲကွာ ငါမရှိတဲ့ အချိန်
ပိုင်းလေးမှာ ဘယ်လိုကနေဘယ်လို မင်းနဲ့အဖွဲ့မှူး
Kimက ကောက်ကာငင်ကာကြီးထပြီး ပြတ်သွား
ရတာလဲ ဟင် ! "

တစ်ချိန်လုံး ကျောက်တိုင်ကြီး တစ်တိုင်လိုမလှုပ်
မယှက်နဲ့ လက်ပိုက်ပြီး ထိုင်နေသောKyungSoo
တစ်ယောက်မှာ သူ့ကိုမေးလာတဲ့ Baekhyun၏
အမေးအားပြန်ဖြေရန်အတွက် Baekhyun ထပ်
ထည့်ပေးထားသည့် သူ့ဖန်ခွက်ထဲက ဆိုဂျိုတို့ကို
တကြိတ်တည်းကောက်ယူမော့ချလိုက်ပြီး စကား
အစပျိုးဖို့ ဟန်စပြင်လေသည် ။

|| CEO & ME || 《COMPLETED》Where stories live. Discover now