C&M.27

8.2K 875 73
                                    

Luhanအချစ်ရေးအတွက်အကျိုးတော်ဆောင်လား ? ။
မလုပ်ခဲ့ရပါဘူးဗျာ ။ Sehunတို့ရွာရောက်ပြီး နောက်
တစ်နေ့မနက်မှာပဲ ရှယ်ယာအစည်းအဝေးရှိတယ်ဆိုပြီး
အဖေကဖုန်းဆက်လှမ်းခေါ်လို့ဟိုကောင်ငဆယ်ရဲ့မိဘ
တွေကို အတင်းနှုတ်ဆက်ပြီးမနက်ဝေလီဝေလင်း လူ
ကြီးနဲ့ ထပြန်လာခဲ့တာ ဟိုကောင်လူပုစိတ်တိုပင်ကွင်း
ကိုပဲ အောင်သွယ်တော်ယောကျ်ားခိုးပေးရေးတာဝန်ကို
လွဲပြောင်းပေးခဲ့ရသည် ။

အခုလည်း ကြည့် ။ ဆိုးလ်ပြန်ရောက်လို့နားရမယ်မ
ထင်နဲ့လုပ်လိုက်တဲ့အစည်းအဝေး မနက်ကတည်းက
လုပ်နေတာညနေစောင်းလို့တောင် မပြီးနိုင်သေး ။

ဒီလူကြီးတွေပြောပြောနိုင်လွန်းတဲ့စကား ။ ချက်ချင်း
ကြီး ကုမ္ပဏီရှယ်ယာထိုးကျသွားတဲ့ အကြောင်းရင်း
ဇစ်မြစ်ကိုမရှာပဲဘာမှမဟုတ်တဲ့ပါးစပ်ထဲရှိတဲ့အရင်း
မရှိအဖျားမရှိတန်ဖိုးမရှိတဲ့အကြောင်းတွေကိုပဲ အချိန်
ကုန်ခံပြီးပြောနေတာ ။ ပြောနေတာ နောက်ဆုံးတော့
လည်း လိုရင်းမရောက်ပဲအဖျားရှူးသွားပြန်ရော ။

" ကျွန်တော်ကတော့ .... "

ဟော .. လာပြန်ပြီနောက်တစ်ယောက် ။ စကားရည်
လုပွဲပဲ ရောက်နေသလား အောင်းမေ့ရသည် ။ တစ်
ယောက်ပြီးတစ်ယောက် ငြင်းခုန်စကားဆိုနေလိုက်
ကြတာ ။ တကယ်ပဲ နားကိုငြီးလွန်းသည် ။

ဟူးးး ။ လူကြီးရဲ့အတွင်းရေးမှူးဖြစ်တုန်းကတောင်
ဒီလောက်ထိ နားမငြီးဘူး ။ မပင်ပန်းခဲ့ဘူး ။ ဘယ့်
နှယ့် ။ အခုကိုယ့်မိသားစုပိုင်ကုမ္ပဏီကို ရာထူးကြီး
ကြီးနဲ့ ပြန်လာမှပဲပင်ပန်းလိုက်တာဆိုတာလူကသေ
ချင်စော်ပါနံသည် ။

အဟင့် .. ပြောနေရင်း လူကြီးတောင်လွမ်းလာပြီ ။
ဒီနေ့နဲ့ဆိုလူကြီးနဲ့မတွေ့ရတာသုံးရက်တောင်ရှိပြီ ။
နေ့တိုင်း အစည်းအဝေးတက်လိုက် ။ ညနေရုံးဆင်း
ရင် အဖေနဲ့အတူပြန်ပြီး အဖေဆီကနေအလုပ်တွေ
ကို သင်ယူရနဲ့ ။ လူကြီးနဲ့တောင်ကောင်းကောင်း မ
တွေ့ရသေးဘူး ။

ထို့အပြင်အဖေ့ဆီမှာအလုပ်သင်ပြန်လုပ်နေရတာ
ကြောင့် အရင်ကလိုလူကြီးနဲ့လည်းတစ်အိမ်တည်း
အတူမနေရတော့ bobohuလေးခင်ဗျာ လွမ်းသာ
ထက်ကိုပိုပိုလွမ်းပြီးအသေအလဲဆွေးနေရတဲ့ဘဝ ။

|| CEO & ME || 《COMPLETED》Where stories live. Discover now