ပိုင်ရှင်မရှိသောတိုက်ခန်း၏ မီးဖိုချောင်ခန်းလေး
ထဲဝယ် တတောက်တောက်နဲ့ကော်ဖီခွက်ထဲသံဇွန်း
ထည့်ကာ စိတ်မပါစွာကော်ဖီမွှေနေမိသော Jun
Myeonတစ်ယောက် ။" Jun မင်းထပ်လုပ်နေပြန်ပြီလား ! "
ကြားရသောအသံလေး လာရာဘက်သို့ သူခေါင်း
လေးတစ်ချက်လှည့်ကြည့်လိုက်တော့ သူ့ကိုမျက်
မှောင်ကြုတ်ပြီးလက်ပိုက်ကာကြည့်နေသော ။" Xing ! "
" ကော်ဖီကိုသကြားမထည့်ပဲဇွန်းနဲ့မွှေနေပြန်ပြီ
ငါမင်းကိုပြောထားတယ်လေကော်ဖီဖျော်နေချိန်
စိတ်ကိုမလွင့်ထားနဲ့လို့ မင်းကလေ .. တကယ်ပဲ
ငါစကားဆို ဘယ်တော့မှအလေးနက်မထားဘူး "" ငါမဟုတ် ..... "
စကားဆုံးအောင်ပြောခွင့်မရလိုက် မြင်လွှာထဲမှ
ပျောက်ကွယ်သွားခဲ့သော Yixingပုံရိပ်လေးနှင့်
အရူးတစ်ယောက်လိုကြောင်အစွာရပ်နေမိသည့်
Jun Myeon ။ မျက်ဝန်းအိမ်တို့တွင်လည်းပုလဲ
မျက်ရည်ကြည်တို့ များစွာပြည့်လျှံလို့နေ ။" Xing ...... ငါမင်းကိုလွမ်းတယ် "
____________________________________
" အားးးး နောက်ဆုံးတော့ .... ငါတို့ရောက်ပြီ
ဝါးးးး အ့ ! . . YA !! "ကားပေါ်မှဆင်း၍ အပျင်းကြောလေး ဆန့်ထုတ်
ကာ မလှမ်းမကမ်းတွေမြင်တွေ့နေရသောနေကြာ
ပန်းခင်းကြီးကိုပါးစပ်လေးဟကာ ငေးမောကြည့်
နေစဉ် အနောက်ကနေဖြန်းခနဲလာရိုက်လာသော
KyungSooတစ်ကောင် ။" ဟျောင့် ငဗြောင် .. ဘာလို့မင်းလူကြီးကိုပါ
မင်းနဲ့အတူခေါ်လာရတာလဲ ! မင်းပြောတော့
ငါတို့သုံးယောက်တည်းသွားမယ်ဆိုပြီး ! "အနားလာကပ်ပြီးလေသံလေးဖြင့် တိုးတိုးလေး
ပြောလာသောKyungSooအား ကျွန်တော့် ပခုံး
နှစ်ဖက်တွန့်ပြလိုက်လျက် ..." မတက်နိုင်ဘူး ... ငါလည်း မင်းတို့ခွင့်ရအောင်
ပြောပေးတာပဲ .. အဲ့ဒါကိုလူကြီးကခွင့်ပေးပြီးငါ့
ကိုတစ်ယောက်တည်းလွှတ်လိုက်ရမှာ စိတ်မချ
လို့ဆိုပြီး လိုက်လာတာပဲ "" အားရီးဂူးးးး ငါတို့CEOnimကြီးက ချစ်ပြနေ
လိုက်တာ အားကျတယ်ကွာ "