Strawberries & Cigarettes (Intro)

1.8K 185 16
                                    

Remember when we first met?
You said "light my cigarette"

ဒေါက်​​ဒေါက်​​ဒေါက်

တပ်​ထားတဲ့ Headphone က သီချင်းသံကို​ကျော်​ပြီး နားထဲဝင်​လာတဲ့ တံခါး​ခေါက်​သံ​ကြောင့်​ ကျွန်​​တော်​ အိပ်​ယာမှာ မီ​နေရာက​နေ ထပြီး တံခါးဖွင့်​လိုက်​တယ်။

"သား ဦးငယ်​​အောက်​မှာ​ရောက်​​နေတယ်​"

"ဦးငယ်​?"

"အင်း ​အောက်​ဆင်းခဲ့ချည်​"

"ဟုတ်​"

မေ​မေကိုယ်​တိုင်​ လာ​ခေါ်တာမို့ တစ်​ခါမှ မ​တွေ့ဖူးတဲ့ ဦးငယ်​ကို ထွက်​မ​တွေ့လို့ကမ​ကောင်း။

အောက်​ဆင်း​တော့ ဆိုဖာ​ပေါ်မှာထိုင်​​နေတဲ့ အသက်​ ၃၀ အရွယ်​ ​ယောက်ျားတစ်​​ယောက်​ကို​တွေ့လိုက်​ရတယ်​။ *ဦးငယ်​ထင်​တယ်​*

"သား လာ။ ဒါ မင်းရဲ့ ဦးငယ်​။ ​​ဖေ​ဖေ့ ညီအငယ်​ဆုံး"

"ဟုတ်​ Chanyeolပါ"

"​​ဆေးလိပ်​မီးညှိတတ်​လား?"

"​ဗျာ?"

တွေ့​တွေ့ချင်း ​မေးလိုက်​တဲ့အ​မေးစကား​ကြောင့်​ ​ကျွန်​​တော်​​ကြောင်​အမ်းအမ်းဖြစ်​သွားတယ်​။

"Yi Fan ​ဆေးလိပ်​​သောက်​တုန်းလား?"

"အင်း"

ဖေ​ဖေ့အ​မေးကို ခပ်​တည်​တည်​​ဖြေလိုက်​တဲ့ ဦးငယ်​။
ကရုဏာ​ဒေါသထွက်​​နေတဲ့ ​ဖေ​ဖေ။ *တစ်​ခုခု​တော့မှား​နေသလိုပဲ*

"ကဲပါ Yi Fanလည်း ထမင်းမစားရ​သေးဘူးမလား။ အားလုံးအတူတူစားကြမယ်​​လေ ထမင်းဝိုင်းပြင်​ထားပြီးပြီ။ လာ သား စားကြမယ်​"

"ဟုတ်​ ​မေ​မေ"

"Yi Fan ဒီတစ်​​ခေါက်​က အပြီးပြန်​လာတာလား?"

"အင်း အဘိုးကြီးမှမရှိ​တော့တာ"

"Yi Fan!"

ထမင်းစားရင်း ​ဖေ​ဖေ့အ​မေးကို မထုံတက်​​သေး ​ဖြေလိုက်​တဲ့ ဦးငယ်​​​ကြောင့်​ ​ဖေ​ဖေ ​ဒေါသထွက်​သွားပုံရတယ်​။

"Yi Fan... မနက်​ဖြန်​ အုတ်​ဂူသွားဖို့ လိုက်​မှာလား?"

ဖေ​ဖေ့အစား ​မေ​မေက ဝင်​ဖြန်​​ဖြေဟန်​နဲ့ ​မေးလိုက်​သည်​ပင်​။

Strawberries, Cigarettes & Stars||Zawgyi+Unicode|| (Completed)Where stories live. Discover now