တစ်သက်နဲ့တစ်ကိုယ် ရင်ဘတ်အောင့်လောက်တဲ့အထိ တစ်ခါမှ မငိုဖူးဘူး။
မနေ့က တစ်ညလုံးငိုထားတဲ့ အရှိန်နဲ့ မျက်လုံးတွေက ဖောင်းအစ်ပြီးနီရဲနေတာပဲ။ ဆိုးလိုက်တာ ဦးငယ်ရာ...။
မနက်နိုးလာတော့ ဘာမှလုပ်ချင်စိတ်ရှိမနေတာနဲ့ပဲ ဆေးလိပ် ခဲထားလိုက်မိတယ်။ မုန်းလိုက်တာ...။ နှလုံးသားတစ်ခုလုံးကိုရင်းပြီး ကစားခံလိုက်ရသလိုပဲ။ ခံပြင်းတယ် အရမ်းပဲ။ မိန်းမကိစ္စ အရှုပ်အရှင်းကင်းတယ်လို့ သတ်မှတ်ခဲ့မိတာ မှားသွားတာပဲ။ တီချယ်Graceနဲ့ အိပ်ပြီးတာတောင် ကျွန်တော့်ကို လာပြီး ပတ်သက်နေတာ ရွံဖို့ကောင်းလိုက်တာ။
ဆေးလိပ်သောက်ရင်း ဗိုက်က ဂွီခနဲ မြည်မှ သတိရတယ်။ မနေ့ညကတည်းက ညစာမစားရသေးတာပဲ။
အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီပူပူတစ်ခွက်နဲ့ ပေါင်မုန့်မီးကင် တချို့ကို စားပွဲပေါ်ချလို့ tissueတွေက ဟိုတစ ဒီတစနဲ့ ပွထနေတဲ့ အခုလိုအချိန်မျိုးမှာ မေမေတို့သာပြန်ရောက်လာရင် အမှုစစ်သလိုကို အစစ်ခံရမှာ အသေချာပဲ။
ကော်ဖီတစ်ငုံသောက်ရင်း ပေါင်မုန့်တစ်ကိုက်ကိုက်တဲ့အချိန် မြည်လာတဲ့ လူခေါ်ဘဲလ်ကြောင့် မျက်မှောင်ကျုံ့မိသွားတယ်။
ဘယ်သူလဲ။
ပေါင်မုန့်ကိုက်ထားရင်း တံခါးဖွင့်တော့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခု။
"ဘာလာလုပ်တာလဲ"
"Merry Christmas ပါ Chan"
ဦးငယ်....။ စိတ်တိုလွန်းလို့ same to youတောင်ပြန်မပြောနိုင်ဘူး။
"ပြန်တော့"
" Chan... ခနလေးပါ။ ကို ရှင်းပြပါရစေ"
"ဘာထပ်ရှင်းချင်သေးလို့လဲ။ ခင်ဗျား ကောင်မလေး ရှင်းပြပြီးပြီပဲကို"
"ကို့ကောင်မလေးမဟုတ်ဘူး"
"ဪ ဟုတ်သားပဲ ကောင်မလေးအဆင့်မဟုတ်တော့ဘူး။ မိန်းမ အဆင့်?"
" Chan!"
"သူများအိမ်ရှေ့လာပြီး အော်ဟစ်မနေနဲ့"
"Chan... ကို့ကို အိမ်ထဲဝင်ခွင့်ပြုပါ"
မာနချင်းယှဉ်နေလို့ ဘာမှအကျိုးမရှိ။
YOU ARE READING
Strawberries, Cigarettes & Stars||Zawgyi+Unicode|| (Completed)
FanfictionWu Yi Fan/Kris+ Chanyeol ❤Cover pic _ Fänyëöllië❤ Republished date: 22.12.19 Completed: 25.12.19 Extra part: 6.1.2020