Strawberries & Cigarettes (2)

672 92 4
                                    

အချိန်တွေကြာလာတာနဲ့အမျှ ဦးငယ်က ဘယ်လိုလူမျိုးလဲဆိုတာ တစတစပိုသိလာရတယ်။

ဦးငယ်နဲ့ ဖေဖေ့ကြားက ပြဿနာတွေ.. နောက်ပြီး ဖိုးဖိုးနဲ့ ဦးငယ်ရဲ့ ကတောက်ကဆတွေကိုရော သိလာရတယ်။ အင်း... အပိုဆုကြေးအနေနဲ့ ဆေးလိပ်ပါသောက်တတ်လာပါတယ်ပေါ့။ ညတိုင်း ဦးငယ်နဲ့ စကားထိုင်ပြောခြင်းရဲ့ အကျိုးအပြစ်ပေါ့။ ဒါပေမယ့်လည်း ဦးငယ်ကို အပြစ်တင်လို့မရပါဘူးလေ..  ကျွန်တော်ကိုယ်တိုင်လည်း ဆေးလိပ်ကို စမ်းသောက်ကြည့်ချင်တာလည်း ပါတာပေါ့။ ဖေဖေသာသိရင် နှစ်ယောက်စလုံး အသတ်ခံရမှာ။

အင်း.... သွေးသားမတော်စပ်ပေမယ့်လည်း ဦးငယ်လို့ခေါ်ရတာ အကျင့်ပါနေပြီမို့ Hyung လို့လည်း ပြောင်းမခေါ်ဖြစ်တော့ပါဘူး။ ဦးငယ်က မိန်းမကိစ္စအရှုပ်အရှင်းကင်းပေမယ့် ဆေးလိပ်အရမ်းသောက်လွန်းလို့ ဖေဖေကအမြင်မကြည်ဘူး။

တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို ဦးငယ်က မွေးချင်းလေးယောက်ထဲ အနုပညာပိုးပါတဲ့သူ။

ဖိုးဖိုးက အနုပညာဆို လုံးဝရှုံ့ချတတ်တဲ့လူတစ်ယောက်။ အဲ့လိုနဲ့ သားအဖနှစ်ယောက်စကားများပြီး ဦးငယ်က 16နှစ်သားအရွယ်မှာ အိမ်ပေါ်ကဆင်းပြီး Guangzhouမှာ အနုပညာအလုပ်သွားလုပ်ပါသတဲ့။ ဒါတွေက မေမေပြန်ပြောပြလို့သိရတာ။

ဖေဖေက ဖိုးဖိုးသူငယ်ချင်းရဲ့ တစ်ဦးတည်းသောသားမို့လို့ ဖေဖေ့အဖေအမေအရင်းတွေ ကားမှောက်ပြီးဆုံးကတည်းက မွေးစားခဲ့တဲ့ သားတစ်ယောက်ပေါ့။ ဖေဖေ့ကိုမွေးစားပြီး 10နှစ်အကြာလောက်မှာ ဦးငယ်ကို ကိုယ်ဝန်ရကြတော့ မိသားစုတွေ အရမ်းပျော်ကြတာဆိုပဲ။

‌အဲ့အပျော်က ကြာကြာမခံပါဘူး ဦးငယ်မွေးလာပြီး လပိုင်းအတွင်း ဦးငယ်ရဲ့မွေးချင်းတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးကြတာပဲ။ လပိုင်းခြားပြီး မသာပေါ်နေတော့ ဖိုးဖိုးလည်း ဦးငယ်ကို မကြည်ဘူးပေါ့။ အိမ်လာဘ်တိတ်တယ်ဆိုပြီး ကလေးထိန်းနဲ့ကို ပစ်ထားတာ။ ဖေဖေက ကြားထဲကနေ အလျင်းသင့်ရင်သင့်သလို ဦးငယ်ကိုထိန်းရင်း ဖိုးဖိုးကိုဖြောင်းဖျရင်းနဲ့နေခဲ့ရတာပေါ့။ ဒါတွေကြောင့်လည်း ဦးငယ်က ဖိုးဖိုးကိုဆို သူ့အဖေလို့တောင်မသတ်မှတ်တာပေါ့။ ဖေဖေ့ကိုတော့ အစ်ကိုလိုမသတ်မှတ်ပေမယ့် အရိုသေတော့တန်ပါရဲ့။

Strawberries, Cigarettes & Stars||Zawgyi+Unicode|| (Completed)Where stories live. Discover now