ဖေဖေ အောက်ဆင်းသွားတော့မှ ကျွန်တော် အခန်းထဲပြန်ဝင်ပြီး သက်ပြင်းခိုးချမိတယ်။
ကျွန်တော့်အပြုအမူကို စိုက်ကြည့်နေသူက ဦးငယ်။
"ဦးငယ် ပြတင်းပေါက်ကနေ အပြင်ကိုထွက်တော့"
"ဘာလို့ထွက်ရမှာလဲ?"
"ဟာ.. ကျွန်တော် ဖေဖေ့ကို ဦးငယ်ကို မတွေ့မိဘူးလို့ ပြောထားတာလေ"
"So what?"
*aish အချိုးမပြေတဲ့ မျက်နှာပေးနဲ့*
"သွားတော့ မြန်မြန်အပြင်ထွက်တော့"
ကျွန်တော် ပြတင်းပေါက်ကိုဖွင့်ပြီး ဦးငယ်ကို တွန်းထုတ်လိုက်တယ်။ ဦးငယ်ခမျာ အိပ်ယာနိုးနိုးချင်း ပထမထပ်ကနေ ခုန်ချရရှာတာ။ ဒလိမ့်ခေါက်ကွေးပြုတ်ကျပြီး ခြေလက်တွေတော့ မကျိုးလောက်ဘူး ထင်ရတာပဲ။
ကျွန်တော်လည်း မျက်နှာသစ် ရေချိုးသန့်စင်ပြီး အောက်ထပ်ဆင်းခဲ့လိုက်တယ်။
"သား မင်း ဦးငယ်ပြောတယ် သားကနိုးနေတာကြာပြီဆို"
ဖေဖေ့စကားကိုကြားပြီး ကျွန်တော့်မျက်လုံးတို့က ဦးငယ်ဆီ ဒိုင်းကနဲရောက်သွားတယ်။
ဦးငယ်ကတော့ ခပ်တည်တည်ပဲ ပေါင်မုန့်မီးကင်ကို စတော်ဘယ်ရီယို သုတ်ပြီး ဟန်မပျက်စားနေတာ။
"အာ.... ကျွန်တော် ဖေဖေလာနှိုးမှ နိုးတာပါ။ ဦးငယ် အမြင်မှားတာနေမယ်"
ဦးငယ်ကတော့ ဘာမှဝင်မပြော။
"ဟုတ်ပါပြီ ဒါဆိုလည်းပြီးရောလေ။ သား ပြင်ဆင်ပြီးပြီလား"
"ဟုတ် မနက်စာစားပြီးရင်သွားမယ်လေ ဖေဖေ"
"အေးအေးကောင်းပြီ"
င်္သချိုင်း ရောက်တော့ ဖေဖေရော မေမေပါ မျက်ရည်တွေဝဲလို့။ဘိုးဘိုးဆုံးတာ နှစ်နှစ်ရှိပြီ။ ဦးငယ်ကိုကြည့်လိုက်တော့ မဲ့ပြုံးပြုံးနေတယ်။ ဦးငယ်နဲ့ ဘိုးဘိုးကြားမှာ ဘာတွေဖြစ်ထားလို့လဲမသိ။ သားက အဖေကို လာတွေ့တဲ့ပုံစံမျိုးနဲ့တော့ မတူ။ *ဦးငယ်က တစ်မျိုးကြီးပဲ*
VOUS LISEZ
Strawberries, Cigarettes & Stars||Zawgyi+Unicode|| (Completed)
FanfictionWu Yi Fan/Kris+ Chanyeol ❤Cover pic _ Fänyëöllië❤ Republished date: 22.12.19 Completed: 25.12.19 Extra part: 6.1.2020