ကိုရီးယား ဆောင်းရဲ့ အအေးဒဏ်က Graceကို မတုန်လှုပ်စေဘူး ထင်ပါရဲ့။ အခုလည်း ပေါင်လယ်လောက်လေးရှိတဲ့ ဘောင်းဘီတိုလေးနဲ့ အမွေးပွ အနွေးထည်လေးပဲဝတ်ထားတယ်။ Christmas မှာ ဒိတ်လုပ်ချင်တယ်ဆိုပြီး တောင်းဆိုလို့ Christmas တော့ မအားကြောင်း၊ ဒိတ်ချင်ရင် Christmas Eveတော့ အဆင်ပြေနိုင်ကြောင်း ပြောပြီး အခုလို ဒိတ်ဖြစ်ပါတယ်ပေါ့။ Graceက ပါးနပ်တယ်။ လှည့်စားတတ်တယ်။ T-Shirtပြန်လာပေးပြီး ညစာလိုက်ကျွေးတဲ့နေ့တုန်းက အိမ်ပေါ်အထိလိုက်လာလို့ အတင်း အိမ်ပြန်ခိုင်းရတယ်။ ဘယ်လိုနည်းနဲ့မှ အိမ်ပြန်ခိုင်းလို့မရတဲ့အဆုံး တစ်ခါလောက်ဒိတ်လုပ်ပေးပါ့မယ် ပြောတော့မှ အိမ်ပြန်သွားတော့တယ်။
ကိုယ့်ဘာသာ မွှေးမိတဲ့ မီးမို့ ကိုယ့်ဘာသာပဲ ပြန်ငြှိမ်းရမှာပဲ။
Graceအိမ်ကို သွားကြိုပြီး ဒိတ်ဖြစ်ကြတယ်ပေါ့။ စားသောက်ဆိုင်ကအပြန် လမ်းမှာ Graceက မာဖလာတောင်းလို့ သူ့လည်ပင်းမှာ ပတ်ပေးနေတုန်း Graceက ဖြတ်ခနဲ နှုတ်ခမ်းကိုနမ်းတဲ့အချိန် မျက်လုံးထောင့်ကနေ ကောင်လေးကို ရုတ်တရက်မြင်လိုက်တယ်။ သွားပြီ။ Graceကို ပစ်ထားပြီး ကောင်လေးနောက်ပဲ ပြေးလိုက်လာမိတယ်။ အခုချိန်မှာ Graceသော ဘာသော နားမလည်တော့ဘူး။အဓိကက ကောင်လေး စိတ်မဆိုးဖို့။ ဒါပဲ အရေးကြီးတာ။
"ကောင်လေး.... Chan... ခနနေပါဦး။ ကို ရှင်းပြတာ နားထောင်ပါဦး"
Chanပြေးနေရင်းကနေ ဆောင့်ရပ်ချလိုက်တယ်။
"Chan... ကိုနဲ့ Graceက မင်း ထင်သလိုမဟုတ်ဘူး"
"ကျွန်တော်ထင်သလိုမဟုတ်ဘူးဆိုတာ ဘာကိုပြောတာလဲ ဦးငယ်။ အိမ်ခေါ်အိပ်တဲ့အဆင့်မဟုတ်ဘူးလို့ ပြောချင်တာလား... ဒါမှမဟုတ်.. လူမြင်ကွင်းမှာနမ်းရလောက်တဲ့အထိ အရှက်မရှိဘူးလို့ ပြောချင်တာလား"
"Chan.... မင်း ဘယ်လိုပြောလိုက်တာလဲ။ အိမ်ခေါ်အိပ်တဲ့အဆင့်ဆိုတာ ဘာလဲ Chan. မင်း ဘယ်လိုတွေပြောချလိုက်တာလဲ"
"ဟား မေ့သွားပြီလား ခင်ဗျားနဲ့ Graceဆိုတဲ့ မိန်းမနဲ့ ညစာသွားစားတဲ့နေ့က ခင်ဗျားအိမ်ထဲကနေ အဲ့မိန်းမထွက်လာတာကို ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ။ ခင်ဗျား ဘာငြင်းချက်ထုတ်ချင်သေးလဲ"
YOU ARE READING
Strawberries, Cigarettes & Stars||Zawgyi+Unicode|| (Completed)
FanfictionWu Yi Fan/Kris+ Chanyeol ❤Cover pic _ Fänyëöllië❤ Republished date: 22.12.19 Completed: 25.12.19 Extra part: 6.1.2020