Strawberries & Cigarettes (4)

669 79 14
                                    

ဦးငယ် ကျွန်တော့်မျက်စိရှေ့ ပြန်ရောက်လာတဲ့ ညက ကျွန်တော် အိပ်မပျော်ခဲ့။ တကယ်ပါပဲ လူကို အရူးလုပ်သလိုခံစားရတယ်။ လိုက်မရှာနဲ့ဆိုလို့ စကားနားထောင်တော့လည်း ကျွန်တော့ဆီကို ပြန်ရောက်ချလာတဲ့ ဦးငယ်ကို ဘယ်လိုနားလည်ပေးရမလဲ။ အဲ့နေ့ညကပဲ မေမေတို့ကို ဦးငယ် Guangzhouမသွားပဲ‌ ကျောင်းမှာ composer guideလာလုပ်ကြောင်း ပြောပြလိုက်တယ်။ မေမေက‌တော့ ပြုံးပြီး ဖေဖေကတော့ ဘာမှမပြော။

နောက်မှသိရတာတစ်ခုက ဦးငယ် ပြောင်းနေတဲ့အိမ်က ကျွန်တော်တို့အိမ်နဲ့ တစ်ရပ်ကွက်ပဲခြားတယ်ဆိုတာပဲ။

တစ်ရက် ဦးငယ်ကိုပါ အိမ်မှာ ညစာဖိတ်ကျွေးရင်း ‌မေမေက ရုတ်တရက် မေးလာတယ်။

"သား ကောင်မလေးနဲ့ မေမေတို့ကို ဘယ်တော့ မိတ်ဆက်ပေးမှာလဲ"

မေမေ့စကားကြားတော့ ဟင်းနှိုက်နေတဲ့ ဦးငယ်က လက်ပြန်ရုတ်သွားပြီး ထမင်းစားပွဲကနေ အိမ်ရှေ့ကို ထသွားတယ်။

"အာ.... အချိန်တန်ရင် မိတ်ဆက်ပေးမှာ‌ပေါ့ မေမေ"

ဖေဖေကတော့ ဘာမှမပြောဘဲ ထမင်းပဲ ဆက်စားနေတယ်။

အိမ်ရှေ့ဆိုဖာမှာ ထိုင်ရင်း ဆေးလိပ်ဖွာနေတဲ့ ဉီးငယ်ကိုတော့ မေမေက အရိပ်တကြည့်ကြည့်နဲ့။

ညဘက် ဦးငယ်ပြန်သွားတော့ မေမေက "သားနဲ့ Yi Fan ဘာဖြစ်ထားတာလဲ" လို့ မေးလာတယ်။

"ဘာဖြစ်လို့လဲ မေမေ" ဆိုတော့ မေမေက ဘာမှမပြော။ ပြုံးရုံသာ ပြုံးနေတယ်။

ကျောင်းကို ဦးငယ်ရောက်လာပြီးကတည်းက Maple ကျွန်တော့်နား သိပ်မကပ်တော့ဘူး။ ကပ်ခွင့်မရှိအောင်လည်း ဦးငယ်က သူ့အချိန်တွေဆို ကျွန်တော့်ကို အလုပ်တွေတစ်ခုပြီးတစ်ခု ခိုင်းနေတော့တာ။

တကယ်ပဲ ဦးငယ် ဘာဖြစ်ချင်နေတာလဲ။

အခုလည်း ကျွန်တော့်ကို music sheetတွေသယ်ခိုင်းလိုက် fileတွေသွားထားခိုင်းလိုက်နဲ့ ငြိမ်ငြိမ်မထိုင်ရသေးဘူး။

"ဆရာ Yi Fan"

File‌တွေ စီပေးနေတုန်း နားနေခန်းထဲကို အသံပြုပြီးဝင်လာတာက တီချယ်Grace.

Strawberries, Cigarettes & Stars||Zawgyi+Unicode|| (Completed)Donde viven las historias. Descúbrelo ahora