3,
Unicode;
ဂျောင်ဂုနဲ့ထယ်ယောင်း ကားပေါ်ကဆင်းသွားကာ Company ထဲသို့ဝင်သွားသည်။
"ဂျွန် ထယ်ပူလာပြီ ''
လက်လေးနဲ့ကိုယ့်မျက်နှာကိုယက်ခပ်ကာ တိုးတိုးလေးအနားကပ်လို့ပြောလာတဲ့ ထယ်ယောင်းကို ဂျောင်ဂုပြုံးပြလိုက်ပြီး
"ခနလေး ရောက်တော့မယ်''
ဂျောင်ဂုအခန်းရှေ့ရောက်တော့ အခန်းရှေ့မှာထိုင်နေတဲ့သူရဲ့အတွင်းရေးမှူးကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းသွားလို့ရပြီ ငါမခေါ်ဘဲနဲ့အခန်းထဲဝင်မလာနဲ့
ပြီးတော့ ဒီနေ့အပြင်ထွက်ရမယ်ကိစ္စတွေအားလုံးဖျက်လိုက် ''"ဟုတ်ကဲ့ သူဌေး ''
.................,
ရောက်ထဲကဂျွန်က သူ့အလုပ်ကိုဘဲအာရုံစိုက်ပြီးလုပ်နေတာ တချက်တချက်တော့လှမ်းရီပြပါရဲ့။ သူလည်းကြာလာတော့ပျင်းလာတာကြောင့် လိုက်လာမိတာမှားပြီလားလို့တောင်အတွေးဝင်မိတယ်။"ဂျွန် ထယ်ဗိုက်ဆာလာပြီ''
ထယ်ယောင်းပြောလိုက်တော့ ဂျောင်ဂုလုပ်လက်စအလုပ်ကို ထားလိုက်ကာ ထိုင်နေရာကနေချက်ချင်းထလာပြီး
"လာသွားမယ်''
"ဟမ်! ဘယ်ကိုလဲ ''
ရုတ်တရက်ကြီးပြောလာတာကြောင့် ထယ်ယောင်းလည်းကြောင်သွားပြီးမေးခွန်းပြန်ထုတ်မိသည်။
"ထယ်ပဲဗိုက်ဆာတယ်ဆ်ို တစ်ခုခုသွားစားမယ်လေ ''
"အာ ဂျွန်လိုက်ပို့ဖို့မလိုပါဘူး အောက်ထပ်မှာ canteen ရှိတယ်မလား ထယ်ဘသာသွားလိုက်မယ် ''
"ဂျွန်ထယ်ယောင်း! အိမ်မှာထဲကဘာပြောထားလဲ ကိုယ့်စကားကိုနားထောင်ရမယ်လို့မပြောထားဘူးလား ''
" ဒါပေမယ့် ဂျွန်ကလည်း ငါကလေးမှမဟုတ်တာ ဟိုနားဒီနားလောက်ကတော့ တစ်ယောက်ထဲသွားလို့ရပါတယ် အရာရာမင်းကိုအားမကိုးချင်ဘူး ''
"ငါကမင်းယောက်ျား မင်းငါ့ကိုအားမကိုးရင်ဘယ်သူ့ကိုအားကိုးမလို့လဲ''
"ဂျွန် ဘာမဟုတ်တဲ့ကိစ္စကိုမင်းပုံကြီးမချဲ့စမ်းနဲ့ ''
"ဘာ ပုံကြီးချဲ့တယ် ဟုတ်လား''

YOU ARE READING
Stay With Me [Complete]
FanfictionKookV💜 Top ~ Jung Kook Bottom ~ Tae (လိုအပ်ချက်တွေအများကြီးနဲ့ficမလို့အဆင်မပြေရင်ဝင်မဖတ်ပါနဲ့နော်🥺) Start *1.12.2018* End *3.12.2019 *