Why such attention?

153 19 7
                                    

ထိုနေ့က ဂျုံးဂု တစ်ယောက် အတန်းထဲတွင် ဂိုအွန်းဟာကို ရှာမိသော်လည်း အရိပ်အယောင်တောင်မတွေ့။
ငယ်သူငယ်ချင်း ဖြစ်တဲ့ ဆယ်ယောင်း ၊အမြဲတစ်တွဲတွဲနေခဲ့ပြီးအခင်ဆုံးဖြစ်တဲ့ သူငယ်ချင်းမလေး ဆယ်ယောင်း က သူတစ်ပါးကိုမကောင်းကြံတတ်မယ် လို့လည်း ဂျုံးဂု အတွေးထဲမှာတောင် မရှိခဲ့။ ဂိုအွန်းဟာ မှားတာ လို့ဘဲ တထစ်ချတွက်ပြီး လူတွေအများကြီးကြည့်နေတာတောင် သူ ရင့်ရင့်သီးသီး ပြောခဲ့မိတာ ဘာကြောင့်လဲ သူ့ ကိုယ်သူ တောင်မသိ။

အတန်းတွင်း လုပ်ဆောင်ချက်တွေ လုပ်ရတဲ့ အခါ တစ်ဖွဲ့တည်း အမြဲ ကျပါလျက် Batch ရဲ့King ဖြစ်သော သူ့ ကို သတိထားမိဟန် လည်းမရှိ ၊ အခြားမိန်းကလေး တွေလို စကား လည်းလာစမပြောဘဲ သီးသန့်နေတတ်တဲ့သူမ ရဲ့အာရုံစိုက်မှုကို လိုချင်လို့ သူ အဲလို လုပ်ခဲ့မိတယ် ဆိုတာကတော့ သူ ကိုယ်တိုင်တောင် မသိခဲ့ပါလေ။

" ဂျုံးဂု မင်းပြောလိုက်တာ တော်တော်လွန်တယ်ကွာ"
".....ယွန်းဂီ မင်း ဆယ်ယောင်း သူငယ်ချင်းမဟုတ်ဘူးလား"
"ငါက အဲလိုသဘော ပြောတာ မဟုတ်ဘူးလေကွာ ဂိုအွန်းဟာ မှားခဲ့တာမဟုတ်ဘူးလေကွာ"
"ဆယ်ယောင်း မှားတာလို့ မင်း ဆိုလိုတာလား မင်ယွန်းဂီ"
" တော်ပြီကွာ ဒီလောက်နဲ့တော်ရအောင်"

ဂျုံးဂု တစ်ယောက် အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ယွန်းဂီနဲ့အချေအတင် ဖြစ်ခဲ့ရသည်မို့စိတ်ကမကြည် ။ ပုခုံးဖက်ပေါင်းလာခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်တည်းရှိပါတယ် ဆိုကာမှ ဆယ်ယောင်းနဲ့က ဘာကြောင့်မှန်းမသိမျက်နှာချင်းမဆိုင်ဖြစ် ယွန်းဂီနဲ့က ဒီကိစ္စနဲ့ဘဲ စကားထပ်များရတယ် ဆိုတော့ သူ့စိတ်တွေရှုပ်ထွေးနောက်ကျိနေပြီ။ ဂိုအွန်းဟာတော့အဆင်ပြေနေလား မသိပေမယ့် သူတော့ လုံးဝ အဆင်မပြေ။ နောင်တရသလိုလို၊ အားနာသလိုဝေခွဲမရတဲ့ ခံစားချက်ကြီးက တကယ်ကိုအဆင်မပြေ။
"အာ shit တကယ်ကိုဘဲကွာ"

အတန်းလည်းဆက်မတက်ချင်တော့သည်မို့ ဂျုံးဂုအိမ်ပြန်ရန်သာဆုံးဖြတ်လိုက်သည်။ ဘတ်စ်ကားအလာကို ခေါင်းငိုက်စိုက်နဲ့ ရပ်စောင့်နေမိတော့ Lavender ရေမွှေးအနံ့ ကြောင့် သူ ဘေးကိုကြည့်မိတော့ စာအုပ်ဖတ်နေတဲ့ ဂိုအွန်းဟာ။ထုံးစံအတိုင်း သူ့ကို သတိမထားမိပြန်ဘူး။ ပတ်ဝန်းကျင်ကိုလျစ်လျူရှုပြီး စာအုပ်ကိုဘဲ အာရုံစိုက်နေပြန်ပြီ။ ဘေးကလူဟာ ဂျွန်းဂျုံးဂု ဖြစ်မှန်းမသိပြန်တဲ့သူမကိုစကားဘယ်လိုစပြောရမလဲ ဆိုတာ စဉ်းစားနေတုန်း ကားရောက်လာတာကြောင့် စာအုပ်ပိတ်ပြီးထထွက်သွားတဲ့ ထိုကောင်မလေး နောက်ကို ဂျုံးဂု လိုက်ရပြန်လေသည်။ ကားပေါ်ရောက်သည်နှင့် သူမ ဘေးက နေရာလွတ်တွင် ဝင်ထိုင်လိုက်မိသည်။ ကံကောင်းတာ တစ်ခုက ဒီနေ့ ဘတ်စ်ကားစီးတဲ့သူ နည်းနေသည်လေ။
ကားပေါ်ခုမှရောက်ပြီး ဘယ်အချိန်စာအုပ်ဖွင့်လိုက်မှန်း မသိပြန်တဲ့ ဟိုတစ်ယောက်။
"အဟမ်းး... နင် ရေမွှေးဆွတ်လာတာလား ဂိုအွန်းဟာ"
( ဟဲ့ သောက်ကျိုးနည်း အဲလိုစပြောရတာလား ဂျွန်းဂျုံးဂုရဲ့)

OBLIVIONWhere stories live. Discover now