What is this situation?

64 13 7
                                    

" ဘာလုပ်တာလဲ ဂျွန်းဂျုံးဂု"

သူမမေးတာကို ချက်ချင်းမဖြေဘဲ သူမဆီက ဆွဲဖြုတ်လိုက်တဲ့နားကြပ်တစ်ဖက်ကို သူ့နားထဲထည့်ရင်း ဘေးမှာအေးဆေးလာထိုင်နေတဲ့ ဂျွန်းဂျုံးဂု။

"ဂျွန်း ဂျုံး..."

နာမည်တောင်ဆုံးအောင်မခေါ်လိုက်ရခင် သူမပါးစပ်ကို သူ့လက်နှင့် လှမ်းအုပ်ပြီး ပြောလိုက်သည်က

"နားကြပ်တပ်တယ်ဆိုတာ သီချင်းနားထောင်ဖို့လေ"

စကားကို အမြင်ကတ်စရာကောင်းအောင်ပြောနေသော ထိုအကောင်ကို အွန်းဟာ ဘာမှမပြောချင်တော့ဘဲ ပါးစပ်ပိတ်နေလိုက်မိသည်။

ဂိုအွန်းဟာ ဆိုတဲ့မိန်းကလေး ဟာ သူ့ကို အခြားမိန်းကလေးတွေလို စကားတွေတရစပ်ပြောပြီး ပြန်ရန်တွေ့မှာမဟုတ်တာကိုတော့ သူသိနှင့်ပြီးသား။အများဆုံး တစ်ခွန်းနှစ်ခွန်းလောက် ပြောပြီး ဂရုမစိုက်ဘဲနေတတ်တာကိုလည်း သိထားနှင့်ပြီးမို့။သူ့ဘေးနားက တိတ်ဆိတ်နေတဲ့ထိုမိန်းကလေးရဲ့အလိုမကျဖြစ်နေတဲ့ ဆူပုတ်ပုတ် မျက်နှာလေးကြောင့် မမျှော်လင့်ဘဲထွက်လာသည့် သူ့ရယ်သံ။ ရယ်သံနှင့် တစ်ဆက်တည်းရလိုက်တာက သူမရဲ့ပေစောင်းစောင်း အကြည့်တစ်ချက်။

" ဘတ်စ်ကားလာပြီ နားကြပ်ပြန်ဖြုတ်ပေး" လို့ပြောလိုက်တဲ့သူမလေးကြောင့် သူ နားကြပ်ကို ဖြုတ်လိုက်ပြီး သူမနားမှာပြောင်းတပ်ပေးလိုက်မိသည်။ မျက်မှန်အောက်ကမျက်ဝန်းနက်နက်တွေက ဂျုံးဂုရဲ့ အပြုအမူကို တအံတသြ...

"သွားရအောင်" ဆိုပြီး သူမလက်ကိုဆုပ်ကိုင်လိုက်တဲ့ ထိုလက်နွေးနွေးတွေ ။ ရုတ်တရက်အံ့သြမင်သက်သွားတာမို့ သူ့လက်တွေကို ဖြုတ်ချဖို့ ရည်ရွယ်လိုက်ပေမယ့် ထိုလူသားက သူမလက်တွေကို အတင်းဆွဲပြီး ဘတ်စ်ကားပေါ်တက်လိုက်သည့်အတွက် သူ့နောက်ကသာ ပါသွားရတော့သည်။ တော်ပါသေးရဲ့ ဘတ်စ်ကားပေါ်မှာ ကျောင်းကလူတွေမရှိလို့။

ထိုင်ခုံမှာဝင်ထိုင်ပြီးသည်အထိ သူမ လက်ကို မလွတ်သေးသည်မို့ ပြောမှဖြစ်ပေတော့မည်။ ကိုယ်နှင့်သူက ဘာမှလည်းမပတ်သက်သည်မို့။သူငယ်ချင်းဆက်ဆံရေးတောင်မရှိဘဲကိုး။

" ဂျွန်း ဂျုံး ဂု ... "ဆိုပြီးခေါ်ရင်းသူ့ကိုကြည့်မိမှ သူက ကိုယ့်ကို မျက်ဝန်းဝိုင်းဝိုင်းတွေနှင့် ဘယ်အချိန်ကတည်းက ကြည့်နေခဲ့သည်မသိ။ ထိုမျက်ဝန်းတွေကို အဓိပ္ပာယ်လည်း မဖော်ချင်တော့။

" နင်နဲ့ငါက လက်ကိုင်ထားရလောက်တဲ့ ဆက်ဆံရေးမဟုတ်ဘူးထင်တယ် အဲဒါကြောင့်..."

သူမပြောလိုက်တဲ့စကားကြောင့် ဂျုံးဂု မျက်နှာ တည်သွားတာမို့ စိတ်ဆိုးသွားပုံဘဲ။ စိတ်ဆိုးသွားလည်းကောင်းတာဘဲ။နောက်လည်းပတ်သက်ရမယ့်ဆက်ဆံရေးမှမဟုတ်တာ။ဂိုအွန်းဟာ နင် မှန်တာမို့ စိတ်ကသိကအောက်ဖြစ်စရာမလိုဘူး ...။

သူမတစ်ယောက်တည်း အတွေးတွေနှင့် ရှုပ်နေချိန် ထို ကောင်လေးက သူမကိုကြည့်ပြီး ပြုံးလိုက်တာကိုတော့ သူမမသိလိုက်။

သူမ လက်ကို မလွှတ်ပေးသည့်အပြင် ပိုပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာတဲ့ ဂျွန်းဂျုံးဂု။

" အင်း လက်ကိုင်ထားရလောက်တဲ့ဆက်ဆံရေးမဟုတ်ခဲ့ဘူး ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒီနေ့ကနေ စကြမယ် ဆိုရင်ရော ဂိုအွန်းဟာ..."

March 23,2019
9:45 a.m.
Words-843

တိုတိုလေးရယ် 😂
Sorry !

OBLIVIONWhere stories live. Discover now