"ဂိုအွန်းဟာ"
စာကြည့်တိုက်မှာ စာဖတ်နေတုန်း အနားကပ်ပြီး ခပ်တိုးတိုး ခေါ်သံကြောင့် ရုတ်တရက်လန့်သွားမိသည်။
ဂျွန်းဂျုံးဂု
သူမရှေ့မှာ ဝင်ထိုင်လိုက်တဲ့ သူ့ကို တစ်ချက်ကြည့်ပြီး ဖတ်လက်စစာအုပ် ဆီကို အကြည့်ပြန်လွှဲလိုက်မိသည်။
သူမရှေ့မှာ ဟိုစာအုပ်ဖွင့်လိုက် ဒီစာရွက်လှန်လိုက် ဖုန်းဖွင့် ကြည့်လိုက် ဖုန်းပြန်ပိတ်ပြီးချလိုက် လုပ်နေသော ထိုဂျွန်းဂျုံးဂုအား တကယ်ကိုကြည့်မရတော့။
"ရားးး ဂျွန်းဂျုံးဂု နင်ငြိမ်ငြိမ်မနေနိုင်ဘူးလား တကယ်ကိုအာရုံမရဘူး shit "သူ့ကို အော်ငေါက်သွားသော သူမက ဂိုအွန်းဟာမှဟုတ်ပါရဲ့လား။ အေးတိအေးစက်ကောင်မလေး ကလေ။ သူမရဲ့ ဒီပုံစံက သူနဲ့ သူမကြားနွေးထွေးလာသလို ခံစားရစေတယ်။
"အားး ပျော်လိုက်တာ"
အငေါက်ခံရလို့ ပျော်တာ ဒီကမ္ဘာမှာ ဂျွန်းဂျုံးဂု တစ်ယောက်ဘဲရှိမယ်ထင်ပါတယ်။"အရူးကောင် အစုတ်ပလုတ် ငါစာဖတ်တာကို နှောင့်ယှက်ရဲတယ် အား စိတ်တိုဖို့ကောင်း.... အာ့"
ဟိုအကောင်ကိုကျိန်ဆဲနေရင်းနဲ့မှ ရှေ့ကို သတိမထားလျှောက်မိတဲ့ရလဒ်က လူတစ်ယောက်နဲ့ဝင်တိုက်ပြီး ထိုလူ့ရင်ခွင်ထဲပစ်ဝင်သွားခြင်း ပါဘဲ။
"Berry အနံ့"မော့ကြည့်မိတော့ ထို berry အနံ့ ပိုင်ရှင်က မင်ယွန်းဂီ
ခဏတာတိတ်ဆိတ်နေပြီးမှ ယွန်းဂီကစကားစလာခဲ့သည်။"အဆင်ပြေလား"
"အော် အင်း ဒါဆိုခွင့်ပြုပါဦး"
"ခဏ... "
"အင်း ..."
"တောင်းပန်ပါတယ်"ထိုစကားပြောပြီးသည်နှင့် လှည့်ထွက်သွားသော မင်ယွန်းဂီရဲ့နာကျင်နေသယောင် မျက်ဝန်းတွေက သူမကို တကယ် စိတ်မသက်မသာဖြစ်စေသည်။ ဘယ်လောက်ဘဲ မာကျောချင်ယောင်ဆောင်နေပါစေ သူမကြောင့် ဘယ်သူ့ကိုမှ မနာကျင်စေချင်တာအမှန်။
"မင်ယွန်းဂီရှီ ..."
လှည့်ကြည့်လာတဲ့ သူ့မျက်ဝန်းတွေဟာ သူမပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် လုံးဝကိုအရောင်ပြောင်းသွားခဲ့သည်။
" ကျွန်မနဲ့ သူငယ်ချင်းဖြစ်ချင်သေးလား"
"...... အွန်းဟာ တကယ်ပြောတာလား " လို့ပြန်မေးနေတဲ့ မင်ယွန်းဂီဟာ တကယ့်ကို လိုချင်တာရလို့ပျော်နေတဲ့ ကလေးငယ်လို။ သူ့ရဲ့cool type ကြီးက ဒီလိုအချိန်မှာတော့ လုံးဝကိုပျောက်ဆုံးလို့။
"ကျွန်မ က ဘာမို့လို့ ကျွန်မနဲ့ သူငယ်ချင်းဖြစ်လာရတာကို အရမ်းပျော်နေရတာတဲ့လဲ မင်ယွန်းဂီရယ်.... "ဆိုတဲ့စကားကိုတော့ သူမထုတ်မပြောဖြစ်တော့။
YOU ARE READING
OBLIVION
FanfictionMay my existence be like in the past! Cover photo credit to original owner