Remember?

99 13 2
                                    

အဝါရောင် Hoodie ကို ခေါင်းစွပ်ထားသော်လည်း ဖြန့်ချထား တဲ့ ခါးအလယ် ခန့်ရှိ ဆံနွယ်ရှည် တွေက တကယ်ကို ရှုပ်ပွနေသည်မို့ မျက်မှန်ကိုပင့်တင်ရင်း သူမ သက်ပြင်း ချလိုက်မိသည်။ Phone မြည်လာတာကြောင့် ကြည့်လိုက်မိတော့ သူငယ်ချင်းမလေး ဂန်းယူနာ ။

" အင်း ယူနာ ငါခုလာနေပြီ အိပ်ရာထ နောက်ကျသွားလို့"
" Yrr ဂိုအွန်းဟာ နင် Alarm ပြန်ပိတ်ပြီး ပြန်အိပ်ပြန်ပြီမလား...နင်ဟာလေ blah blah"

အွန်းဟာ phone ချသွားမှန်းမသိဘဲ တရားဆက်ဟောနေရှာတဲ့ သနားစရာ ယူနာ။

"ဟဲ့ ဟိုမှာ အွန်းဟာကphoneချသွားပြီ နင်ကပါးစပ်မပိတ်နိုင်သေး" လို့ ဝင်ပြောလိုက်တဲ့သူက ဂိုအွန်းဟာရဲ့ ရှားရှားပါးပါး ငယ်သူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ ဟန်ချယ်ရီ။

ဂျုံးဂု တစ်ယောက် ဂိုအွန်းဟာရဲ့ရှားပါးသူငယ်ချင်းတွေဖြစ်တဲ့ထို နှစ်ယောက်ရဲ့စကားသံတွေကိုအာရုံစိုက်မိနေရင်းနဲ့မှ အတန်းထဲ ဝင်လာတဲ့ သူမ။ သူမထိုင်မည့် အတန်းရဲ့ နောက်နှစ်တန်းကျော် မှာ လာထိုင်နေတဲ့ သူ့ ဆီကို မလွှဲမရှောင်သာအကြည့်တစ်ချက်လေးတောင်မရောက်လာခဲ့။ သူမအာရုံစိုက်မှု ကိုရဖို့ရန် အရမ်းများခက်ခဲနေတာလား ဂျုံးဂုမတွေးတတ်တော့။ သူမရဲ့ အာရုံစိုက်မှုကို သူဘာကြောင့်လိုချင်နေတာလဲ ဆိုတာလည်း သူ့ကိုယ်သူမသိ။ အဝါရောင် Hoodie လေးရဲ့ နောက်ကျောကိုသာစိုက်ကြည့်ရင်း။

ထိုနေ့က ဂျုံးဂု ရဲ့ပုံစံကိုကြည့်ရင်း စိုးရိမ်နေခဲ့ရတဲ့ ကောင်လေးတစ်ယောက်လည်း ရှိခဲ့ပါသေးသည်။

ကျေးဇူးပြုပြီး မတူညီပါရစေနဲ့လား။

"တစ်ယောက်တည်း စားနေရပြန်ပြီ ဂန်းယူနာနဲ့ဟန်ချယ်ရီ ဒင်းတို့နှစ်ကောင် ဟိုမင်းသားရုပ်ရှင်ရိုက်တဲ့နေရာထိလိုက်သွားကြည့်ကြပြန် ငါ သူတို့အိမ်ကိုတိုင်မိတော့မယ် " ဆိုပြီး တစ်ယောက်တည်းပွစိပွစိခပ်တိုးတိုးပြောနေတဲ့သူမလေးကရှေ့တည့်တည့် မှာလာရပ်နေတဲ့သူ့ကိုမော့တောင်မကြည့်။ နဂိုကတည်းက အပြုံးအရယ်နည်းတဲ့ ကောင်မလေးက စိတ်ကောက်တော့ မျက်နှာက မသိမသာလေး ဆူပုတ်လို့။ သူရပ်နေမှန်းတောင်မသိသေးဘဲ ထမင်းငုံ့စားနေတဲ့ သူမလေးကို သူတကယ် အသည်းယားနေမိသည်။ထိုကောင်မလေး သတိထားမိတဲ့ အထိ ရပ်စောင့်နေလျှင်သူထမင်းစားချိန်ရတော့မည်မဟုတ်တာကြောင့် သူချောင်းတစ်ချက်ဟန့်လိုက်ရင်း...

OBLIVIONWhere stories live. Discover now