Memories of Love

56 12 3
                                    

"ဘာ ..ဘာကိုစမှာလဲ လက်ကိုလွှတ် ငါဆင်းရမယ့်
မှတ်တိုင်ရောက်ပြီ

သူ့လက်ကို အတင်းဖြုတ်ကာ သူ့ကိုတွန်းတိုက်ပြီး ပြေးဆင်းသွားပါသော ထိုကောင်မလေးကြောင့် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့။

ဂိုအွန်းဟာ ချစ်တယ်။

"အာ shit ဆင်းဖို့ တစ်မှတ်တိုင်လိုသေးတာကို ဟိုအကောင်ကြောင့် .... ဗြဲ လမ်းလျှောက်ရတော့မယ် "
" အမ် ဒါနဲ့ ... ငါ ရည်းစားစကားအပြောခံလိုက်ရတာလား? What the hell ! ငါက ဘာအပြစ်လုပ်မိလို့ ဆင်းပြေးလာရတာလဲ။ အားးးးး ရည်းစားစကားလည်းအပြောခံရသေး လမ်းလည်းလျှောက်ရသေး ဂျွန်းဂျုံးဂု နင်တော့လား..."

တစ်ခါတစ်ရံအချစ်သည် မမျှော်လင့်ဘဲ ရင်ထဲတိုးဝင်လာတတ်သည်ကို ဂိုအွန်းဟာ သတိမထားမိခဲ့ပါလေ။

ပွစိပွစိပြောရင်း လျှောက်လာရာမှ နောက်တစ်မှတ်တိုင် လျှောက်ရဦးမည်မို့ စားဖို့တစ်ခုခုဝင်ဝယ်ရန် Convenience Store တစ်ခုကိုဝင်ဖို့ဆုံးဖြတ်လိုက်မိသည်။

"တကယ်ပါဘဲ ခေါက်ဆွဲဘူးတွေကို ဘာလို့ အမြင့်မှာထားထားရပါလိမ့် ခက်ခဲလိုက်တာ"

မမှီမကမ်းဖြစ်နေစဉ်မှာပင် ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ လူတစ်ယောက်က သူမအနောက်ကနေ ခေါက်ဆွဲဘူးကိုလှမ်းယူပေးလိုက်သည်မို့ နောက်သို့လှည့်လိုက်မိသည်။
အခြေအနေအရ သူမက ထိုလူ့ရင်ခွင်ထဲရောက်နေတဲ့ အနေအထား။ တီရှပ်အနက် ၊ ဘောင်းဘီအနက်နှင့် ထိုလူကဆောင်းထားသော cap အနက်ကို ဆွဲချွတ်လိုက်မှ သူမ အသိဝင်သွားရသည်။

"ယွန်းဂီ..."
"အင်းးး...."
"ယွန်းဂီ က ဘယ်လိုဖြစ်လို့ ဒီကို"
"ဟိုဘက်လမ်းမှာနေတာ..."
"အာ ... "
"ဒါနဲ့ အွန်းဟာက ဘာလို့ ... ကိစ္စတစ်ခုခုရှိလို့လား"
"ကျွန်မ သွားချင်နေတဲ့နေရာရှိလို့ ...ယွန်းဂီ"

~~~~~~~~~~~~~~~

" ဝါးးး ကျွန်တော်လည်း ဒီနေရာ လာချင်နေခဲ့တာ "

Cosmos ပန်းခင်းထဲမှာ ယွန်းဂီကို မြင်နေကျပုံစံနှင့် ကွဲပြားစွာ မြင်လိုက်ရသည်။

"အွန်းဟာ ဘာလို့ ဒီလောက်တောင်စိုက်ကြည့်နေရတာလဲ ကျွန်တော်က အရမ်းချောနေလို့လား ㅋㅋㅋ"
".....အာ မဟုတ်ပါဘူးနော်"

Cosmos ပန်းခင်းကြီးက မျက်စိတစ်ဆုံး။ ဘေးနားက သူမလေးကို ကြည့်မိတော့ မျက်ရည်ဝဲနေတာကို သတိထားမိလိုက်တာကြောင့် စိတ်ပူသွားရသည်။ထိုကောင်မလေး မျက်ရည်ဝဲဖို့မပြောနှင့် မျက်နှာ တစ်ချက်ညှိုးတာတောင် မင်ယွန်းဂီ ဆိုတဲ့ ကောင်က သေမတတ်စိတ်ပူမိတဲ့သူ။

မျက်ရည်ဝဲနေရာကနေ ရုတ်တရက်ကြီးထိုင်ချပြီး ခေါင်းငုံ့ ငိုနေတဲ့ ထိုကလေးမ ကြောင့် ဘာလုပ်ရမှန်းမသိတဲ့အဆုံး သူပါ ပန်းခင်းထဲ လိုက်ထိုင်ချပြီး ငိုနေတဲ့ ကောင်မလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်မိသည်။ မင်ယွန်းဂီရဲ့ရင်ခွင်ထဲက ထိုမိန်းကလေးကတော့ ရှိုက်ကြီးတငင်ငိုနေဆဲ။
ကိုယ့်ရင်ခုန်သံ မင်းကြားပါစေ~~~

Cosmos ပန်းတွေကြား ဆက်နေရင် ဂိုအွန်းဟာ ဆိုတဲ့ကလေးမ အငိုတိတ်တော့မည် မထင်တာကြောင့် ယွန်းဂီတစ်ယောက် ထိုကောင်မလေးကို အနီးဆုံးမှာရှိနေတဲ့ Cafe တစ်ခုဆီ ခေါ်လာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~
" အဆင်ပြေရဲ့လား "
" အာ အင်း ဒါနဲ့ယွန်းဂီကိုအားနာလိုက်တာ...ကျွန်မကြောင့်"
" ဘာဖြစ်လဲ ဆက်ပြောလေ "
"အင်္ကျီတွေလည်း ပေကုန်ပြီး Cosmos ပန်းခင်း အလှကိုလည်း ကောင်းကောင်းမကြည့်ခဲ့ရဘူး အဲဒါ..."
"အဆင်ပြေတယ် အင်္ကျီပေသွားလည်းအဆင်ပြေတယ် Cosmos ပန်းတွေကိုကောင်းကောင်းမကြည့်ခဲ့ရလည်းအဆင်ပြေတယ် ....မင်းအဆင်ပြေဖို့က အရေးအကြီးဆုံးမို့လို့"

ယွန်းဂီရဲ့စကားကြောင့် အွန်းဟာခမျာ ဘာပြန်ပြောရမှန်းမစဉ်းစားတတ်တော့။ ယွန်းဂီကို ကြည့်မိတော့လည်း သူက မျက်နှာကြီး နီရဲလို့။ နဂိုတည်းက အသားအရမ်း ဖြူတဲ့
မင်ယွန်းဂီကြီးက ရှက်နေတော့ မျက်နှာက ခရမ်းချဉ်သီး
အဘ ခေါ်ရလောက်အောင်။

ယွန်းဂီက ရှက်နေတာလား?
ဒါ ဘယ်လိုအခြေအနေမျိုးပါလိမ့်?

April 7,2019
11:50 p.m.
Words-1030

Thanks for reading 💜

OBLIVIONWhere stories live. Discover now