#မင်းအတွက်...
ဆေးလိပ်တွေမသောက်ချင်ပေမယ့်
ဆေးလိပ်ငွေ့တွေထဲ..မင်းကိုလိုက်ရှာမိတယ်..
အရက်တွေမမူးချင်ပေမယ့်
အရက်မူးလာရင် မင်းကိုယ့်အနားရောက်လာပြီး
ပြုံးပြနေသလိုပဲလေ..တစ်ခါတလေ
အတူရှိဖို့ဆိုတာ..
ကိုယ့်ရဲ့တောင်းဆုတွေကြားထဲက
အခိုးအငွေ့လေး သာသာ ပါပဲ
ဟုတ်တယ်မလား။တစ်စုံတစ်ယောက်ကို အရမ်းချစ်မိရင် ရှုံးသတဲ့လား
ကိုယ်တော့ လက်မခံဘူး..
ပိုချစ်ရတဲ့သူ က နိုင်တာပဲ မဟုတ်လား။
ကိုယ်မင်းကို နိုင်တာပေါ့နော်..တကယ်တော့..
စိတ်ခံစားချက်တွေနောက်လိုက်မိတဲ့အခါ..
ကိုယ့်ရင်ဘက်ကို ကိုယ်တိုင်ဆူးနဲ့ ထိုးနေရသလိုပေါ့..
ရုတ်တရက်ကြီး
စိတ်ချင်းဝေးသွားတဲ့အခါ..
ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့နောင်တ တလှေကြီးနဲ့ရယ်..
ငါ့အထီးကျန်ခြင်းတွေနဲ့ရယ်..
ဟိုးတုန်းက အမှတ်တမဲ့တဖြစ်လည်း အမှတ်တရ တစ်ချို့ရယ်ပဲ
ခြောက်ခြောက်သွေ့သွေ့ ငါ့အနား ဝေ့ဝဲလို့ပေါ့။
စကားမစပ် ကျန်းမာရေး ဂရုစိုက်ပါနော်။
စိတ်ပူလို့ပါ။တခါတလေ..
မင်းရော ငါရော..
အတိတ်မေ့ပြီး
သူစိမ်း တွေအဖြစ် ပြန်ဆုံရရင်ကောင်းမယ်
အဲလိုလည်း မဖြစ်နိုင်တာတွေးပြီး ရယ်ရသေးတာ..။အဲ့ဒီအခါကျရင်..
အရာအားလုံး က အသစ်..
ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ ငါတို့ ပေါ့။ခုတော့လည်း..
လွှတ်ချနိုင်အောင် ကြိုးစားရတာပါပဲ
ငါတို့ ကိုယ့်ဘဝတောင် ကိုယ်မပိုင်ကြဘူးမဟုတ်လား။
လူရော..စိတ်ရော
အရာအားလုံး အဆင်ပြေစေဖို့ ဆုတောင်းပေးရုံပါပဲ။ဆုတောင်းတွေကို အယုံအကြည်မရှိပေမယ့်
မင်းရဲ့ ပျော်ရွှင်မှုလေး တစ်ခု ဖြစ်ဖို့တော့
ထပ်ပြီးဆုတောင်းရအုံးမယ်။သတိရပါ..
ပျော်စရာတွေ ရှိလာတဲ့အခါ.
မင်းနဲ့ထပ်တူ ပျော်နေမယ်ဆိုတာ..သတိရပါ..
ဝမ်းနည်းစရာတွေရှိလာတဲ့အခါ..
မင်းနဲ့ထပ်တူ ဝမ်းနည်းပေးနေမယ်ဆိုတာ...နောက်ထပ် ချစ်သူတစ်ယောက်ရလာတဲ့အခါ
စိတ်လွပ်လက်လွပ် ချစ်နိုင်ပါစေ..။
အနှောင်အဖွဲ့ဆိုတာ ဘယ်အရာမှ မကောင်းလို့..
မင်းလွတ်မြောက်ပါစေ...။
