[Zawgyi]
♥ ေဝးရေအာင္♥ဥေပကၡာ ဆိုင္းထမ္းေလး
တစ္ေယာက္တစ္ဖက္ ထမ္းၿပီး
ငါတို႔ ေဝးရေအာင္..
တစ္ေယာက္ရဲ႕ဦးတည္ရာဟာ
တစ္ေယာက္ရဲ႕ ေနာက္ေက်ာဘက္ေပါ့
မတြန္းေၾကး
မတိုက္ေၾကး
Good bye ဆိုၿပီး..
ႏႈတ္မဆက္ေၾကး
၏
မေၾကကြဲၾကေၾကးငါတို႔ေဝးရေအာင္
ငါအေႏွာင္အဖြဲ႔ေတြငါ႐ွင္းၿပီးတဲ့အခါ
ငါ့လမ္းငါပဲေလ်ွာက္ရမယ္..
ငါ့ေမတၱာတရားကလည္း ငါ့အတြက္ပဲေပါ့
ငါ့အတၱနဲ႔ငါ
ငါ့မာနနဲ႔ငါ
ငါ့အထိန္းအကြတ္နဲ႔ငါ
မင္းမပါေတာ့တဲ့
ငါ့အိပ္မက္ေတြနဲ႔ငါ..။
ေဝးရေအာင္။
[Unicode]
♥ ဝေးရအောင်♥ဥပေက္ခာ ဆိုင်းထမ်းလေး
တစ်ယောက်တစ်ဖက် ထမ်းပြီး
ငါတို့ ဝေးရအောင်..
တစ်ယောက်ရဲ့ဦးတည်ရာဟာ
တစ်ယောက်ရဲ့ နောက်ကျောဘက်ပေါ့
မတွန်းကြေး
မတိုက်ကြေး
Good bye ဆိုပြီး..
နှုတ်မဆက်ကြေး
၏
မကြေကွဲကြကြေးငါတို့ဝေးရအောင်
ငါအနှောင်အဖွဲ့တွေငါရှင်းပြီးတဲ့အခါ
ငါ့လမ်းငါပဲလျှောက်ရမယ်..
ငါ့မေတ္တာတရားကလည်း ငါ့အတွက်ပဲပေါ့
ငါ့အတ္တနဲ့ငါ
ငါ့မာနနဲ့ငါ
ငါ့အထိန်းအကွတ်နဲ့ငါ
မင်းမပါတော့တဲ့
ငါ့အိပ်မက်တွေနဲ့ငါ..။
ဝေးရအောင်။