"ရေစက်"
ဆုံစည်းမှုနဲ့ခွဲခွာမှုကြားက
အခိုက်အတန့်  လေး..ပျော်ရွှင်ကြည်နူးမှုတွေ
စိမ့်ဝင်ခဲ့တဲ့ ကာလတိုလေးတစ်ခုဖုန်းနံပါတ်ဆင်တူလေးရယ်
အဖြူရောင် အကျီဆင်တူလေးရယ်
တွဲထားဖူးတဲ့ လက်လေးတွေရယ်..
ရေစက်လှလှလေးတွေပေါ့ကွယ်..
အဲ့ဒီ့အထဲ
ကျောခိုင်းခဲ့ရခြင်းတွေလည်း ပါတာပေါ့ကိုယ့်ရေစက်ကို
ကိုယ့်ဟာကိုယ်ဖျော်စပ်
ကိုယ်ဟာကိုယ် ပဲ လှော်ခတ်ခွင့်ရချင်တယ်လွမ်းဆွတ်မှူတွေနဲ့
လည်နေတဲ့ သံသရာထဲ
ရေစက်ဆိုတာ
မျက်ရည်စက်တွေနဲ့ပဲ
အဆုံးသတ်ရလေ့ရှိကြောင်း
သင်ပေးခဲ့တဲ့မင်းကို
ကျေးဇူးတင်ပါတယ်
ကိုယ့်ရဲ့ ရေစက်လေးရေ။#HanNay
#3.3.19