First flow

2.4K 366 68
                                    

ကုန်းလမ်းပြေပြေလေးတွင် စက်ဘီးလေးတစ်စီးက နှင်းထု၏ ရပ်တန့်မှုကို အံတုလျက် တရိပ်ရိပ်ပြေးနေသည်။နင်းနေသည့် လူငယ်၏ ခြေထောက်များသည်လည်း လေအဝှေ့တွင် ပါလာသော နှင်းပွင့်တို့နှင့်အပြိုင် ပေါ့ပါးသွက်လက်လျက်။မျက်နှာမှာလည်း အပြုံးတစ်ပွင့်က ဝင့်ကြွားစွာ နေရာယူထားသေးသည်။

နှင်းပွင့်ဖွေးဖွေးတွေက ကိုယ်ပေါ်မှာ တစ်စ တစ် ကပ်ညိလာသည်နှင့်အမျှ နှုတ်ခမ်းနှစ်လွှာကြားမှ ထွက်သက်ဖြူဖြူတို့သည်လည်း ဖွားကနဲ ဖွားကနဲ။

လမ်းကြားတော်တော်များများ ချိုးကွေ့ပြီးနောက် တိုက်ခန်းတွဲလေးတစ်ခုရှေ့တွင် စက်ဘီးလေးရပ်သွားသည်။

Taehyungစက်ဘီးကို ဘေးက ဂိုဒေါင်ထဲထည့်ပြီး သုံးထပ်မှာရှိသည့် သူ့အခန်းကို တက်လာခဲ့သည်။လက်ထဲက ကိတ်မုန့်ဘူးကို အပျော်တွေ အပြည့်နှင့် တစ်ချက်တစ်ချက်ငဲ့ကြည့်ရင်းပေါ့။

သူ့အခန်းတံခါးကို ပြာပြာသလဲဖွင့်ပြီး ဖိနပ်ကို ကသောကမြောချွတ်၍ ကိတ်မုန့်ဘူးလေးကို ရေခဲသေတ္တာထဲပြေးထည့်သည်။

အိပ်ခန်းထဲသို့ဝင်ကာ အင်္ကျီစိုစိုတွေကို လဲပစ်ပြီး ဆွယ်တာအဖြူထူထူတစ်ထည်ကို ကောက်ဝတ်လိုက်သည်။ထို့နောက် ခုတင်ဘေးမှ ဖုန်းကို ကောက်ယူကာ အိပ်ရာပေါ်ပစ်လှဲလိုက်၏။

ဖုန်းဖွင့်ဖွင့်ချင်း တွေ့လိုက်ရသော Wallpaperလေးက သူ့ကို သွားတွေပေါ်သည်အထိ ပြုံးရယ်မိစေသည်။

ဝါမှိန်မှိန် အလင်းရောင်လေးအောက်တွင် ဗန်းလေးတစ်ခုကို ကိုင်ကာ အဘိုးကြီးတစ်စုနှင့် ရယ်မောနေသော ကောင်လေး။မှန်သားနံရံကို ဖြတ်ပြီး ရိုက်ထားရတာမို့ သိပ်တော့မကြည်ပေမယ့် ကောင်လေး၏အပြုံးကတော့ ပြတ်သားတောက်ပလို့နေသည်။

ဒီနေ့ကောင်လေးရှေ့ ပထမဆုံးလူလုံးထွက်ပြခဲ့တာကို စဉ်းစားမိတော့ အလန့်တကြား ထခုန်လာသည့် ဘယ်ဘက်ရင်အုံကို ပြာပြာသလဲဖိလိုက်ရ၏။

ပိတ်ခာနီးမှဝင်လာသည့် သူ့ကိုကြောင်အအလေးကြည့်နေသော ကောင်လေး၏ ပုံစံ။မျက်တောင်တစ်ခတ်မျှကြည့်မိပြီး ရင်တွေခုန်လွန်း၍ နှုတ်ပင်မဆက်နိုင်ပဲ ခြေလှမ်းတို့က သူ့သူငယ်ချင်းဆီကို တိုက်ရိုက်ရောက်သွားသည်လေ။

First Snow's Epistle(Winter Contest)Where stories live. Discover now