First Breath

1.7K 323 29
                                    

ဒီ​နေ့ နှင်းမကျ​တော့​သော်​လည်း အ​အေးဓာတ်​က ခါတိုင်းထက်​ပင်​ သာလွန်​​နေသဖြင့်​ သူ၏ အထပ်​မြင့်​တိုက်​ခန်း​လေးမှာ သဘာဝ၏ ​လေ​အေး​ပေးစက်​ဖြင့်​ မလိုလားအပ်​စွာ ​အေးစိမ့်​လို့​နေ​ပေသည်​။

ဧည့်​ခန်းဆိုဖာထက်​မှာ ​စောင်​ပုံထဲ ​ကွေး​နေရင်းမှ ခပ်​ဟဟဖြစ်​​နေ​သော ​ကျောဘက်​ ပြတင်း​ပေါက်​ကို တုန်​တုန်​ယင်​ယင်​နှင့်​ ထပိတ်​ရ​တော့သည်​။ထို့​နောက်​ ​စောင်​ပုံထဲ ပြန်​ဝင်​ပြီး ​မေ​မေ့ဆီကို ဖုန်း​ခေါ်လိုက်​သည်​။

"Tae​လေး​နေရတာ အဆင်​​ပြေရဲ့လား"

ရှိက်​ချင်​​နေ​သောသက်​ပြင်းကိုမျိုချ၍ ​ဖြေရပြန်​သည်​။

"ဟုတ်​​.......​ပြေပါတယ်​"

" သုံးစရာ​တွေ ဘာ​တွေ လို​သေးလား။မေ​မေပို့​ပေးရမလား။"

သူ့လက်​ရှိအလုပ်​က သူတစ်​​ယောက်​စာအတွက်​​တော့ ဖူလုံသည်​မို့ ​​မေ​မေ့အား အလုပ်​မရှုပ်​​စေလို​တော့။

"ရပါတယ်​ ​မေ​မေ။သား​လောက်​ပါတယ်​။"

"ငါ့သား​လေးအသံက တစ်​မျိုးပဲ။စိတ်​ညစ်​စရာရှိလို့လား သား။"

တွေ့လား။မေ​မေ့ကိုဆို ဘာမှဖုံးကွယ်​ထားလို့မရ။မေ​မေသည်​ မိခင်​​ကောင်းပီပီ သူ့နားမှာ ​လေတစ်​ချက်​​ဝှေ့တာကအစ အကုန်​သိ​နေတတ်​သည်​။

"သား ဒီ​နေ့ က​လေး​လေးရဲ့ ဆိုင်​ကို သွားခဲ့တယ်​။"

တစ်​ဖက်မှ ​မေ​မေရဲ့ ဝမ်းသာရိပ်​လွှမ်း​သော အသံလွင်​လွင်​​လေးထွက်​လာသည်​။

"သား Jiminie​လေးရဲ့ ဆိုင်​ကို သွားခဲ့တယ်​??ဟယ်​.....သူနဲ့ စကား​ပြောခဲ့လား။ဘာပြန်​​ပြောလဲ။Jiminie​လေးက သ​ဘော​ကောင်းမှာပဲ။ပြောပြစမ်းပါဦး။"

အားတက်​သ​ရော အူလှိုက်​သည်းလှိုက်​​မေးလာ​သော ​မေ​မေ့​ကြောင့်​ သူ​ကျေနပ်​ပြုံး​လေး ပြုံးမိသည်​။မေ​မေသည်​ သူ့ငယ်​​ပေါင်းသူငယ်​ချင်းလိုပင်​။ရင်​ဖွင့်​တိုင်​ပင်​လို့​ကောင်းသည်​။Jiminieအ​ကြောင်းကိုလည်း ​မေ​မေ့အား အပ်​​ကြောင်းထပ်​​အောင်​ ​ပြောထားသည်​မှာ ဓာတ်​ပြားသာဆိုရင်​ ​ပေါက်​ထွက်​​လောက်​သည်​အထိမို့ ​မေ​မေကလည်း မမြင်​ခင်​ကပင်​ သံ​ယောဇဉ်​​တွေတွယ်​​နေပြီ။တစ်​ခုပဲ....

First Snow's Epistle(Winter Contest)Where stories live. Discover now