အခုတလော Jiminတစ်ယောက် သူ့ရဲ့ Taehyungie hyungနှင့် အချိန်ဖြုန်းတာတွေများလာသည့်အပြင် တစ်ခါတစ်ရံဆိုင်ကိုတောင် လှည့်မကြည့်အားတော့သဖြင့် Hoseokသူ့ကို တဗျစ်တောက်တောက် လုပ်တော့သည်။
"မင်းနော်.......ဆိုင်လေးဘာလေးလည်း ပုံမှန်လာဦး။မင်းရဲ့ hyungနဲ့ပဲ အချိန်ကုန်မနေနဲ့။နောက်က လိုက်လုပ်ရတဲ့ငါက ခြေတိုတယ်"
ဆိုင်သိမ်းခါနီး ကော်ဖီခွက်များကို ဗီရိုထဲ အစီအရီမှောက်သိမ်းနေသော Hoseokက သူ့ကို မျက်နှာတောင်မကြည့်ပဲ ပြောလာတော့ သူတိုက်လက်စ စားပွဲကို ရပ်ပြီး စကားနာထိုးလှမ်းထိုးလိုက်သည်။
"မကျေနပ်ရင် hyungလည်း ဆိုင်ပိတ်ပြီး Yoongi hyungနဲ့ မြို့ပတ်နေလိုက်လေ။"
သူ့ရဲ့ အနှောင့်မသွားမလွတ်စကားကိုကြားတော့ Hoseokက သူ့လက်ထဲမှာရှိသည့် အဝတ်နှင့်လှမ်းပေါက်သည်။
"တိုးတိုးပြောစမ်း ဟေ့ကောင်။ဟိုက မီးဖိုချောင်ထဲမှာနော်။မင်းရော ငါရော အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်။"
သူအားနာစွာပင် လျှာထုတ်ပြလိုက်သည်။
သို့သော် သူ့ကိုကြည့်ရင်း သက်ပြင်းချလိုက်သည့် Hoseokကြောင့် ချောင်းတစ်ချက်ပြန်ဟန့်ကာ လေသံချွဲလေးနှင့် ပြန်ပြီး ဖြေရှင်းချက်ထုတ်ရလေသည်။
"Hyungကလည်း ကျွန်တော်က Taehyungie hyungကို မြို့ထဲလိုက်ပို့နေတာမို့လို့ပါ။သူက ပြောင်းလာတာကြာပြီဆိုပေမယ့် သိပ်မနှံ့စပ်သေးလို့။ပြီးတော့ တချို့လူတွေနဲ့လဲ မိတ်ဆက်ပေးရသေးတယ်။သူ့အနီးအနားမှာ ကျွန်တော်သိတဲ့လူတွေ ရှိတယ်လေ။"
Hoseokက ပိုကိုပိုတယ်ဆိုသော မျက်နှာဖြင့် သူ့ကို နှာခေါင်းရှုံ့ပြ၏။
Taehyungက လူကြောက်တတ်သည့်အပြင် သိပ်ပြီး လည်ဝယ်သူလည်း မဟုတ်လေတော့ သူ့ပတ်ဝန်းကျင်က လူတွေနဲ့လည်း သိပ်မသိ။ထို့ကြောင့် အရေးကြီးအကူအညီတောင်းစရာရှိလျှင် သိထားသည့်သူရှိအောင် အသိပေးထားရခြင်းဖြစ်သည်။
YOU ARE READING
First Snow's Epistle(Winter Contest)
Short Storyပုံပြင်ထက် စိတ်ကူးယဉ်ဆန်တဲ့နှလုံးသားတွေကို ကြုံဖူးသလား Cover by Jaejoong htike