First beat

1.8K 332 39
                                    

Jiminအဘိုးတို့ဝိုင်းကို မုန့်​​တွေ ချ​ပေး​နေရင်း မ​နေ့က အ​ကြောင်းကို ​တွေး​နေမိ၏။

သူ​ပြောတာ အရမ်းလွန်​သွားသလား။သူလည်း သူ့ရဲ့တန်​ဖိုးထားရသည့်​ပစ္စည်း​တွေထဲက တစ်​ခု​ပေမို့ သတိလက်​လွတ်​​အော်​လိုက်​မိခြင်းသာ ဖြစ်​​၏။တစ်​ဖက်​သားစိတ်​ထိခိုက်​​စေရန်​ မရည်​ရွယ်​ပါ​လေ။

မျက်​ရည်​​တွေဝဲလျက်​ အားငယ်​​သော မျက်​ဝန်းများကို မြင်​လိုက်​ရ​တော့ သူ့ကိုယ်​သူပင်​ အပြစ်​တင်​ချင်​စိတ်​များ​ပေါက်​လာသည်​။

ပြီး​တော့ သူအဲ့ဒီမျက်​ဝန်း​တွေကို ရင်းနှီး​နေသလိုပင်​။ကွဲပြားသည့်​အရိပ်​အ​ရောင်​၊မတူညီသည့့်အ​ငွေ့အသက်​​တွေနှင့်​ တစ်​​နေရာရာမှာ......

"Jimin​လေး....အဘတို့ ဒါ​တွေမမှာထားဘူး။"

စ​တော်​ဘယ်​ရီကိတ်​တချို့ကို အစီအရီထည့်​ထား​သော ပန်းကန်​ကို ​မြှောက်​ပြလျက်​ အဘတစ်​​ယောက်​က ​ပြော​မှ သူorderစာရွက်​ကို ​ယောင်​​တောင်​​ပေါင်​​တောင်​ပြန်​ကြည့်​မိသည်​။

ဟုတ်​သား ချိစ်​ပိုင်​မုန့်​​တွေ မှာထားတာကို။

ကိုယ့်​အမှား​မို့ ​ခေါင်း​လေးကုတ်​ကာ သွား​လေးဖြီးပြရသည်​။

"အဟီး.....မှားကြည့်​မိတယ်​ထင်​တယ်​။ကျွန်​​တော်​ သွားလဲ​ပေးမယ်​​နော်​။"

ရူးချင်​​ယောင်​​ဆောင်​ပြီး ပန်းကန်​​တွေ ပြန်​မသွား​သော သူ့ကို အ​နောက်​က စဖြစ်​​အောင်​ လိုက်​စလိုက်​ကြ​သေးသည်​။

"ငါတို့သူ​ဌေး​လေးစိတ်​က ​ရေဒီယိုလိုင်းအ​ဟောင်းကြီးဆီကို ​ရောက်​​နေပြန်​ပြီထင်​တယ်​​ဟေ့!"

သူမချိပြုံး​လေးသာ ပြုံးမိရင်း ​ကော်​ဖီစက်​​တွေဆီကိုသာ ​လျှောက်​လာလိုက်​၏။

ကော်​ဖီ​ဖျော်​သည့်​နေရာက ​ကောင်​တာနှင့်​တစ်​ဆက်​တည်း အဝိုင်း​လေးလို ဖြစ်​​နေသည်​မို့ ​ကော်​ဖီ​ဖျော်​ရင်း ဧည့်​သည်​​တွေနဲ့လည်း စကား​ပြောလို့ရသည်​မို့ အပျင်းလည်း​ပြေ၊အလုပ်​လည်း ပြီးသည်​။

First Snow's Epistle(Winter Contest)Where stories live. Discover now