1 .

7.3K 485 13
                                    

" သတ္တဝါလေးတွေကို ချစ်ရင်
သတ္တဝါလေးတွေကပြန်ချစ်မယ်
လောကမှာ အချစ်တွေဟာ အပေး နဲ့ အယူ မျှတလျက်ရှိကြတယ် "

" သာဓု သာဓု သာဓု "

ကိုရီးယား နိုင်ငံဖွား ၊ ကိုရီးယားလူမျိုး ဖြစ်သော်ငြားလည်း
မေတ္တာတရားကို အခြေခံသည့် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသော Byun မိသားစုဖြစ်သည် ။

တနင်္ဂနွေနေ့တိုင်း  봉은사 ( ဘုံငွန်းစာ ) ဆိုသည့်
ဗုဒ္ဓဘာသာ ဘုရားကျောင်းသို့လာကာ မေတ္တာတရားများပို့ချလျှက်ရှိသော ဘုန်းတော်ကြီးကို လာရောက်ဖူးမျှော်လေ့ရှိသည် ။

ချမ်းသာသည့် မိသားစုဖြစ်နေသော်လည်း
အဆင့်အတန်းခွဲခြားမှုမရှိပဲ အေးအေးချမ်းချမ်းနေကြသော မိသားစုဖြစ်တာကြောင့် ပတ်ဝန်းကျင်မှ နှစ်သက်ကြသည် ။

အဖေဖြစ်သူက တက္ကသိုလ်တစ်ခုတွင် ပါမောက္ခဖြစ်ပြီး အမေဖြစ်သူက အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်သည် ။

လက်မထပ်ခင်က ကျောင်းဆရာမ ဖြစ်ခဲ့သော အမေဖြစ်သူ၏ထိန်းချုပ်မှုအောက်တွင် သူတို့၏ သား နှစ်ယောက်လုံးက လိမ်မာရိုကျိုးကြသည် ။

Byun Baek Beom နှင့် Byun Baekhyun ဆိုသည့် သား နှစ်ယောက်တွင် အငယ်ဆုံးသားလေးမှာ အမေဖြစ်သူနှင့် အနေပိုနီးပြီး စိတ်ထားပိုမိုနူးညံ့သည် ။

ဗုဒ္ဓတရားတော်များကို ငယ်စဉ်တည်းက နာကြားပြီး တိရစ္ဆာန်အကောင်သေးသေးလေးကို မတော်တဆ မရည်ရွယ်ပါပဲ သတ်မိရင်တောင်
တရားဟောဘုန်းကြီးဆီတွင် တစ်ပတ်လောက် တရားများနာကြားကာ သူ့အပြစ်ကိုသူ သုံးသပ်လေ့ရှိသည် ။

ပညာရေးတွင် သား နှစ်ယောက်လုံး ထူးချွန်ကြသော်လည်း ဖြစ်ချင်ကြတဲ့ ရည်ရွယ်ချက်အိပ်မက်များဟာ မတူညီကြပေ ။

အကြီးဆုံး သား မှာ နိုင်ငံခြားတက္ကသိုလ်တွင် စကောလားရှစ် ရရှိပြီး ပညာဆက်လက်သင်ကြားနေသော်လည်း
အငယ်ဆုံးလေးမှာတော့ ဘွဲ့ရရုံသာ ကျောင်းတက်၍ ဗုဒ္ဓတရားတော်ကိုသာ အာရုံစိုက်၍သင်ကြားနေသည် ။

ပိတ်ရက်များတွင် ဗုဒ္ဓဘာသာဘုရားကျောင်းမှာပဲ နေလေ့ရှိပြီး ကြားရင်များတွင် အိမ်ပြန်လာကာ
အဖေဖြစ်သူ၏ တက္ကသိုလ်မှ တပည့်များကို အိမ်တွင်စာသင်ပေးလေ့ရှိသည် ။

하양새 ( White Bird )  || Completed ||Where stories live. Discover now