4 ....

3.1K 472 22
                                    


လူတစ်ယောက်ကို ရင်ထဲထည့်ပြီး မုန်းနေမယ့်အစား
သူ့ရဲ့ ဖြစ်တည်မှုကို လစ်လျူရှုလိုက်ခြင်းက
အဲ့ဒီလူကို ပိုမိုနာကျင်စေသည် ။

●●●●●●●●●●●●

ဆေးရုံမှ ဆင်းလာချိန်ကစပြီး လူသေတစ်ယောက်လို နေထိုင်ဖို့ ဆုံးဖြတ်လာခဲ့သည် ။

သူ့အပေါ် ကိုယ့်အမုန်းတရားတွေ မများလေအောင်
ကိုယ့်ကိုယ်ကိုလဲ နှိပ်စက်မှုမရှိလေအောင်
ငါဟာ အသက်မရှိသူ , သူလဲ အသက်မရှိသူ လို့ တွေးတောကာဖြင့်

သူထမင်းကျွေးရင် စားလိုက်သည် ။

အပေါ့အလေးချိန်ရောက်လျှင်တော့ အလိုက်တသိဖြေရှင်းသည် ။

ညတိုင်း ညတိုင်း ကိုယ့်အပေါ်သူ့ရဲ့စိတ်ရိုင်းတွေကို
ဒူးထောက်ပြီးတောင်းပန်မနေတော့ဘဲ
ငြိမ်နေဖို့ပဲ တွေးထားသည် ။

သို့သော် ဆေးရုံမှဆင်းလာချိန်တည်းက
သူ မိမိအပေါ် မကျူးလွန်ခဲ့ပေ။
ပြောင်းလဲသွားသည်မှာ
မိမိတင်မက သူ ရောထင်ပါသည် ။

" လက်သည်းတွေရှည်နေပြီ "

ဝရံတာတွင် လေကောင်းလေသန့်ရှုရှိုက်ရင်း ထိုင်နေစဉ် လက်သည်းညှပ်ကလေးယူလာပြီး
မိမိအနား ရောက်လာသောသူ

" မင်းကိုယ်တိုင် ညှပ်ချင်လား ? ကိုယ်ညှပ်ပေးရမလား ? "

သူ့ကိုဆို စကားတစ်ခွန်းတောင်ပြန်မပြောချင်သလို သူ့မျက်နှာကိုလဲ မမြင်ချင်ပေ ။
ဒါ့ကြောင့် သူနှင့်  မျက်နှာချင်းမဆိုင်ပဲ လက်ချောင်းများအား ကားပေးပြီး သူ့အနားသို့ ထိုးပေးလိုက်သည် ။

Baekhyun ရဲ့ လက်ထိပ်များဟာ နီရဲနေပြီး လက်ဖဝါးလေးမှာ နူးညံ့လှသည် ။

လက်ချောင်းလေးကိုတောင် ချစ်ခင်မြတ်နိုးမှုမှာ တစ်သိမ့်သိမ့်ဖြင့် ဖြစ်ရသည် ။

လက်ချောင်းလေးများကို နူးညံ့စွာ ကိုင်ထားရင်း သူ့မျက်နှာလေး မော်ဖူးမိတော့ သူလေးက ကျွန်တော့်ကို မျက်နှာလွှဲထားလေရဲ့ ~

ဒီလူဆိုးကြီးရဲ့ မျက်နှာကို မင်းလေးက မမြင်ချင်လောက်အောင်ကို မုန်းနေပြီလားကွာ

하양새 ( White Bird )  || Completed ||Dove le storie prendono vita. Scoprilo ora