ကားအား တရကြမ်းမောင်းနှင်လာပြီး အိမ်ရှေ့သို့ ရောက်တဲ့အချိန်မှ တိ ခနဲရပ်လိုက်တာမို့လို့
ဘရိတ်အုပ်သံအကျယ်ကြီး မြည်ဟီးသွားရသည် ။Chanyeol သည်လည်း ထိုအချိန်မှ စိတ်နဲ့ကိုယ် ကပ်သလိုပုံစံဖြင့် ကားပေါ်မှဆင်းလာသည် ။
Baekhyun အိမ်ပေါ်ထပ်မှ ပြေးဆင်းလာတာကို
Chanyeol မြင်လိုက်သောအခါ ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ လက်ခံဖို့အသင့်ဖြစ်နေသည် ။ခွပ် ~
Baekhyun အိမ်ပေါ်ထပ်မှ အရှိန်နှင့်ပြေးဆင်းလာပြီး ရပ်ထားသောကားကြီးရှေ့ မတ်တပ်ရပ်နေသော Chanyeol အား ဒေါသတကြီး ပြေးထိုးလေသည် ။
ဖြစ်လာတော့မယ့်ကိစ္စကို ကြိုတွေးပြီး လက်ခံဖို့ အသင့်ဖြစ်နေသော်လည်း တကယ်တမ်း ကြုံတွေ့လာရသည့်အခါ နှလုံးသား ကွဲကြေမတပ်ခံစားရသည် ။
အနည်းငယ်နီရဲသွားသည့် နှုတ်ခမ်းပါးသည်
တစ်ချက်ကလေး မဲ့ပြုံးပြုံးတာတောင် သေမလို နာကျင်သည် ။အထိုးခံလိုက်ရတဲ့ နှုတ်ခမ်းထက် ပိုမိုနာကျင်ရသည်က နှလုံးသားကြီးတစ်ခုလုံးဖြစ်သည် ။
" Hk .. ဟုတ်နေတာပဲ "
" ခင်ဗျား .. ခင်ဗျား ကျွန်တော့်ကို လူပုံအလည်မှာ မျက်နှာမပြရဲအောင်ကို လုပ်နေတော့တာပဲ .. ! ခင်ဗျားကြောင့် ကျွန်တော့်ပတ်ဝန်းကျင်မှာ ခင်မင်ရမယ့်သူတွေတဖြည်းဖြည်းလျော့နည်းကုန်ပြီ
အခုလည်း ကိုယ့်ဘက်မှာ တစ်ယောက်ပဲရှိတဲ့ Senior ကိုပါ ကျွန်တော်မျက်နှာမပြရဲလောက်အောင် လုပ်လိုက်ပြန်ပြီ "" ..... "
" တစ်ခါတစ်လေမှာ ခင်ဗျားရဲ့ အဆင်အခြင်မဲ့တဲ့ လုပ်ရက်တွေကြောင့် ခင်ဗျားကိုစိတ်ပျက်မိတယ် "
" ငါ လမ်းမှာတောက်လျှောက်တွေးလာခဲ့တယ်
အခုလို ပြဿနာဖြစ်လာတဲ့အခါ မင်းက ကိစ္စတစ်ခုကို သေချာစုံစမ်းပြီးမှ အမှားအမှန်ကို ဆုံးဖြတ်မလား ? မင်းရဲ့ Senior ဘက်ကိုပဲ မျက်စိမှိတ်ပြီး လိုက်ပါမလား ? ငါစဉ်းစားလာခဲ့တယ် ငါစိုးရိမ်နေခဲ့တယ် ..
Hk ... ငါစိုးရိမ်နေတာတွေ တကယ်ဖြစ်လာပြီပဲ "