" ကျွန်တော် မနက်ဖြန် ဘုန်းကြီးကျောင်း သွားချင်တယ် "
စာကြည့်ခန်းထဲမှာ တစ်နေ့တာရဲ့ ဝင်ငွေထွက်ငွေတွေကို ချိန်ကိုက်၍ စာရင်းတွက်နေစဉ် လာရောက် ခွင့်တောင်းလေသော သူ ..
သူ့ဘက်က လိုလိုလားလားဖြင့် တောင်းဆိုလာတာမို့လို့ အလွယ်တကူပင် လိုက်လျောပေးဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည် ။
" အင်း သွားလေ .. ကိုယ် .. "
" လိုက်မပို့ပါနဲ့ "
" ဟမ် .. ဘယ်လို "
" ကျွန်တော် အထိန်းအချုပ်တွေ မပါပဲ သွားချင်တယ် ကျွန်တော် ခင်ဗျားစိုးရိမ်မယ့် ကိစ္စတွေမလုပ်ပါဘူး ဘုန်းကြီးကျောင်းမှာ ကောင်းမှုကုသိုလ်လုပ်မှာပါ "
သူသွားချင်တဲ့နေရာကို မိမိလောင်းရိပ်မပါပဲ သွားချင်လွန်းလို့သာ တီတီတာတာဖြင့် စကားတွေ အများကြီးပြောဆိုနေလိုက်တာ ပီဘိ့ ကလေးလေး တစ်ယောက်အသွင်ဖြင့် ~
အချစ်ကလေးရယ် မင်း ကိုယ့်လောင်းရိပ်အောက်မှာ အရမ်းမွန်းကြပ်နေခဲ့ရတာလား ?
မချိပြုံးဖြင့် ပြုံးကာ စဉ်းစားခန်းဝင်နေသည့် Chanyeol ကို ကြည့်၍ Baekhyun နောက်ထပ် မတောင်းဆိုတော့ဖို့ တွေးလိုက်သည် ။
( သူအလိုလိုက်နေပြီဆိုတာနဲ့ ကမ်းမတက်စမ်းနဲ့ Baekhyun ! အလိုလိုက်တိုင်း ဖြစ်ချင်သမျှ အကုန်ဖြည့်စမ်းပေးနိုင်တာမှ မဟုတ်ပဲ )
Baekhyun မနက်ဖြန် ဘုန်းကြီးကျောင်းသွားဖို့ တောင်းဆိုသည့်ကိစ္စအား လက်လျော့လိုက်ပြီး Chanyeol ရှိနေသည့်
စာကြည့်ခန်းထဲမှ လှည့်ထွက်လာသည် ။" ကောင်းကောင်းသွားပြီး အန္တရာယ်ကင်းကင်းနဲ့
အိမ်ကိုပြန်လာပါ ကိုယ်မပါပဲ သွားတဲ့ခရီးလမ်းမို့လို့ အရာရာကို သတိထားပြီးမှသွားပါ "ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရသောကြောင့်
တောက်ပသော မျက်ဝန်းများ နှင့်
ကျေးဇူးတင်စကားပြောနေသော Baekhyun ကို Chanyeol တွေ့ရသောအခါ ချစ်ရသူ၏
အပျော်သည် သူ့ထံသို့ကူးစက်လာခဲ့သည် ။စိတ်မချသော်လည်း ၊ သူချစ်ရသော အနှီကောင်လေးကို သူ့မျက်စိရှေ့မှ အပျောက်မခံချင်သော်လည်း ဒီကောင်လေးကို သူလွတ်လပ်ခွင့်ပေးဖို့ ဆုံးဖြတ်ပြီးသားဖြစ်နေ၍
အံကိုကြိတ်ကာ ခွင့်ပြုပေးလိုက်ရသည် ။