2 ..

3.6K 430 20
                                    

အခန်းငယ်လေးတစ်ခုထဲတွင်
ခွေး များရဲ့ ဟိန်းဟောင်သံ ၊
ကြောင် များ၏ အော်ငြီးသံတို့ဖြင့် ဆူညံနေပြီး ခန္ဓာကိုယ်သေးကွေးလှသည့် ကောင်လေးမှာတော့ ၁၀ပေ ပတ်လည်အခန်းလေးထဲတွင်
အော်ဟစ်ငိုယိုကာ လက်အုပ်ကလေးချီကာ တောင်းပန်ရင်း ပတ်ပြေးနေသည် ။

အရပ်ရှည်ပြီး ချောမောခန့်ညားသည့် ကောင်လေးမှာတော့ ရုပ်ရည်နဲ့ပင်ခြားနားစွာ
စိတ်သဘောထားခက်ထန်နေပုံရသည် ။

ထို ကောင်ဆိုးလေးမှ ကောင်ငယ်လေးအား ခပ်ကြမ်းကြမ်းဆွဲဖက်ပစ်လိုက်ချိန်တွင် ဝီဇီ တစ်ခုအလား ဆူညံစွာအော်ဟစ်လိုက်သည့် ကောင်လေး၏ အော်သံထွက်ပေါ်လာသည် ။

ပါးစပ်မှလဲ

" တောင်းပန်ပါတယ် မလုပ်ပါနဲ့
နောက်ဆို မဆင်မခြင်မကြည့်တော့ဘူး " ဆို၍၎င်း

" မြတ်စွာဘုရား ကယ်တော်မူပါ " ဟူ၍တစ်ဖုံ

အမေ အဖေအား တသသ တမ်းတရင်းဖြင့်
ကောင်ဆိုးလေး၏ ပခုံးပေါ်တွင် ကန့်လန့်ဖြတ်အနေအထားဖြင့် ပါသွားလေသည် ။

ဘေးပတ်ဝန်းကျင်ကိုမမြင်ရပါပဲ လှောင်ပိတ်ထားသည့် အခန်းငယ်သည် ရွေ့လျားနေသည်ကို လေ့လာခြင်းအားဖြင့် ထိုအခန်းသည် နောက်ဆုံးပေါ်ကားကြီးရဲ့ အနောက်ခန်း ဖြစ်ပုံရသည် ။

မရနိုင်တာ သိသော်လည်း မှောင်မဲနေသည့် ကားမှန်ပြတင်းအား လက်သည်းရှည်စစ တို့ဖြင့်
ကုတ်ဖဲ့မိသည် ။

အချိန်ကြာလာတာနဲ့အမျှ
ထိုလက်သည်းတို့သည် ပဲ့ရွဲ့ကုန်ပြီး လက်ထိပ်တို့နီရဲကာ သွေးခြေဥလာခဲ့သည် ။

ခြေကုန်လက်ပန်းဖြစ်ချိန်တွင် ပါးစပ်ကိုသာ အားကိုး၍ အသံတိုးမဖောက်နိုင်သည့် ကားကြီးထဲတွင် ကယ်ပါ ယူပါ ဟူ၍ အာခေါင်ခြစ်၍အော်ဟစ်မိသည် ။

" တောင်းပန်ပါတယ် ပြန်ပို့ပါ
အီးးးဟီးးးဟီးးး ပြန်ပို့ပါဗျာ ~ ကျူရှင်သင် မပေးလို့ စိတ်ဆိုးတာလား ? သင်ပေးပါမယ်ဗျာ
အခကြေးငွေမယူပဲ အလကားသင်ပေးပါမယ်
တောင်းပန်ပါတယ် အိမ်ပြန်ခွင့်ပေးပါ .. ဟင့် .. ဟင့် .. "

ဖြူစင်သော ကောင်လေးက ညှိနှိုင်းမှုတွေနှင့်အတူ ဒူးထောက်၍တောင်းပန်နေသော်ငြားလည်း ထိုကောင်ဆိုးလေးကတော့ နှုတ်ခမ်းတစ်ခြမ်း ရွဲ့စောင်းရုံသာ ပြုံး၍ ဒူးထောက်နေသည့် ထိုကောင်လေးအား လစ်လျူရှုကာ ဆေးပြင်းလိပ်အား ငုံခဲ၍သာနေသည် ။

하양새 ( White Bird )  || Completed ||Where stories live. Discover now