တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားကြား နယ်နိမိတ်ကန့်သတ်ရာ နယ်စပ်ဒေသ ။
ဒေသတွင်း အကြီးအကဲတချို့နှင့်ရဲဝန်ထမ်းများ မိုးလင်းကတည်းက မြို့တွင်း၌ခြေရှုပ်နေခဲ့ကြသည်။
အကြောင်းအရင်းမှာတောင်ကိုရီးယားနိုင်ငံ၏တော်ဝင်မင်းသား Wu Yifanသည်နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးအတွက် အန္တရာယ်များလှသော နယ်စပ်ဒေသသို့ ကိုယ်တိုင်လာရောက်စစ်ဆေးမည်ဟု သတင်းရရှိထား၍ဖြစ်သည်။သက်တော်ငယ်ရွယ်သောမင်းသားဖြစ်၍ ထက်မြတ်ကာ ပြတ်သားသည်။ပြည်သူများအပေါ်နွေးထွေးကြင်နာကာ လိုအပ်သည်များကို အလျဉ်းသင့်သလိုထောက်ပံ့လှူဒါန်းခြင်းများပြုသောကြောင့်တော်ဝင်မိသားစုအတွက်မျက်နှာပန်းအလွန်လှသော ပြည်သူ့အချစ်တော်မင်းသားတပါးဖြစ်သည်။ ထိမ်းမြားလက်ထပ်မင်္ဂလာမပြုရသေးသော လူပျိုပေါက်အရွယ်ဖြစ်သည့်အပြင်ခံ့ညားလှသောရုပ်ရည်သွင်ပြင်ကြောင့်ပါ ပျိုရွယ်ပြည်သူများကြားကျော်ကြားသေးသည်။
နယ်စပ်ဒေသတွင်းလမ်းမကြီးများ၏တဖက်တချက်စီတွင်စစ်သေနတ်ကိုင်ဆောင်သော တပ်သားများ စီတန်းကာ ရပ်နေကြသည်။ မကြာမီတော်ဝင်မင်းသားစီးနင်းလိုက်ပါလာသောယာဉ်နှင့်တကွ အကြီးအကဲများ မြို့တွင်းသို့ ဝင်ရောက်လာတော့မည်ဖြစ်သဖြင့်ဘေးကင်းရေးအတွက်အရံသင့်စောင့်ကြည့်နေရခြင်း ။
များမကြာမီ အချက်ပေးကားမီးသံများနှင့်ယာဉ်အတန်းလိုက်မြို့တွင်းသို့ ဝင်ရောက်လာကြသည်။ တပ်သားများနှင့်အတူ လမ်းတဖက်တချက်မှာ လာရောက်ကြိုဆိုကြသော ပြည်သူများမှာလည်း တခဲနက်ပင်။မြို့တွင်းသို့ ဝင်လာသည်နှင့်မင်းသားWu Yifanသည်ကားမှန်ကိုအသာချရင်း ပြည်သူများအားနွေးထွေးစွာ လက်ပြနှုတ်ဆက်ခြင်းအား ပြုသည်။ မြို့နေပြည်သူလူထုမှာ ၄င်းတို့၏အခက်အခဲများအားဖြေရှင်းပေးမည့်မိုးကျရွှေကိုယ်သဖွယ်ပျော်ရွှင်စွာ ကြိုဆိုကြလေသည်။
YOU ARE READING
Royal Universe(KRISYEOL)
FanfictionAbout side pairing from "Royal Universe" in details.