4

1.5K 268 15
                                    

နယ်​စပ်​ကတာဝန်​ရှိရဲဝန်​ထမ်းတချို့ ကျွန်​တော့်​ကိုလက်​ထိပ်​ခတ်​ကာ​ဖမ်းဆီးသွားသည်​အထိ အဆိုပါ​တောင်​ကိုရီးယားနိုင်​ငံရဲ့​တော်​ဝင်​မင်းသားWu Yifanက ခပ်​ပြုံးပြုံးပဲ ရပ်​ကြည့်​နေခဲ့တယ်​။ သနားကြင်နာစိတ်​ကင်းမဲ့​သောသူဟု ယိုးစွပ်​ချင်​ပါ​သော်​လည်း တကယ်​တမ်း​တော့ ဒါဟာ ဖြစ်​သင့်​တဲ့က်ိစ္စတခုပါပဲ ။​နွေး​ထွေးကြင်​နာ​ပေးရ​အောင်​ကျွန်​တော်​က သူ့နိုင်​ငံရဲ့ပြည်​သူပြည်​သားတ​ယောက်​လည်းမဟုတ်​။
ဘယ်​သူက ပြည်​ပက​သွေးကွဲတ​ယောက်​ကို ကူညီ​ပေးချင်​စိတ်​ပါလိမ့်​မလဲ။ ကျွန်​တော့်​လို အညတရတ​ယောက်​ကို သူ့လို​တော်​ဝင်​မင်းသားတပါးက ကူညီ​စောင့်​ရှောက်​ပေးဖို့ဆိုတာ ဖြစ်​နိုင်​တဲ့အရာမှမဟုတ်​သည်​ပဲ ။ အရာအားလုံးက ကျွန်​တော့်​ရဲ့အတိတ်​ကံအကျိုး​ပေး​တွေပါပဲ။

အခု ကျွန်​တော့်​ဘဝ ကျွန်​တော့်​အနာဂတ်​က ဘာဆက်​ဖြစ်​တော့မှာလဲ ။ တရားမဝင်​နိုင်​ငံကူးလာသည့်​အတွက်​ဒဏ်​ငွေပဲ​ဆောင်​ရမလား...​အကျဉ်း​ထောင်​သို့ပို့ကြ​လေမလား။မသိ​တော့ဘူး။
အ​တွေး​ပေါင်းစုံက​အာရုံထဲ​ရောယှက်​နေလိုက်​တာ​ခေါင်း​တွေတဆစ်​ဆစ်​ကိုက်​လာသည်​အထိ ။

နယ်​စပ်​ဒေသရဲစခန်း​ရှေ့​ရောက်​တော့ သူတို့က ကားရပ်​ပြီး ကျွန်​တော့်​ကို စခန်းထဲ​ခေါ်သွင်းလာကြတယ်​။ နယ်​ခြားသားမို့ သူတို့်​မျက်​လုံး​တွေမှာ အထင်​သေးဟန်​ရှုံ့ချဟန်​တွေ သိသိသာသာကိုထင်​ဟပ်​နေတယ်​။ ထို့​နောက်​စခန်းတွင်းက်အချုပ်​ခန်းထဲမှာပဲ ရာဇဝတ်​သားတချို့နှင့်​အတူ​ခေတ္တ​နေ​စေတယ်​။​နောက်​မှ ပြစ်​ဒဏ်​အလိုက်​တရားရုံးတင်​ပြီး ဆုံးဖြတ်​ကြမယ်​ထင်​ပါတယ်​။ ကျွန်​တော့်​အဖို့ ဒီ​နေ့အတွက်​တော့ ဒီအချုပ်​ခန်းထဲမှာပဲမိုးလင်းရမယ်​ထင်​ပါတယ်​။

ရာဇဝတ်​သားများနှင့်​အတူတူရှိ​နေရတာ ကျွန်​တော့်​အ​တွက်​တော့ မလုံခြုံလှ ။ သူတို့နှင့်​အနည်းငယ်​လှမ်းရာ အခန်း​ထောင့်​စွန်းမှာသာ တ​ယောက်​တည်း ဒူးနှစ်​ဖက်​ကိုပိုက်​ရင်း​ခေါင်းငိုက်​စိုက်​ဖြင့်​ထိုင်​နေမိသည်​။ အိပ်​လိုက်​ဖို့ကြိုးစားပါ​သော်​လည်း မရပါ။ မျက်​လုံးနှစ်​ဖက်​ကိုတင်းတင်းမှိတ်​ထားမိ​တော့ ရင်​ထဲမှတစ်​စို့လာ​သောဝမ်းနည်းမှုနှင့်​အတူ မျက်​ရည်​တွေက စီးကျလာ​တော့သည်​။ တ​နေကုန်​အစာမဝင်​ရ​သေးသဖြင့်​ဆာ​လောင်​နေ​သောဝမ်းဗိုက်​ကလည်း ထိုး​အောင့်​နေပြီဖြစ်​သည်​။ စားစရာရဖို့လမ်းမမြင်​တာ​ကြောင့်​ကြိတ်​မှိတ်​ပြီး အိပ်​ဖို့သာ ဆုံးဖြတ်​လိုက်​တော့သည်​။

Royal Universe(KRISYEOL)Where stories live. Discover now