7

1.7K 225 29
                                    

မင်းသားWu Yifanရဲ့အခေါ်တော်ဆင့်မှုကြောင့် ကျွန်တော် လုပ်လက်စအိမ်တွင်းသန့်ရှင်းရေးက်ိစ္စတွေကိုထားခဲ့ပြီး သက်တော်စောင့်Oh Sehunရဲ့ခေါ်ဆောင်ရာနောက်သို့ လိုက်ပါခဲ့ရသည် ။ ခြံဝန်းအတွင်းရှိလူသွားလမ်းသွယ်လေးတလျှောက် နှစ်ဦးတည်းလျှောက်လှမ်းလာခဲ့ရင်း ခပ်လှမ်းလှမ်းက အုတ်တံတိုင်းကာရံထားသော အဝန်းအဝိုင်းတခု ကို လှမ်းမြင်လိုက်ရတယ် ။ ကျွန်တော် ဒီစံအိမ်ကိုစရောက်ကတည်းက အခုထိ စံအိမ်တော်ကြီးကိုဒီလောက်ကျယ်ဝန်းမယ်မှန်း ထင်မထားခဲ့ဘူး ။

အုတ်တံတိုင်းရဲ့ဂိတ်ပေါက်ဝတဖက်တချက်စီမှာတော့ သေနတ်ကိုင်ဆောင်ထားသော စစ်သားနှစ်ဦး ရပ်စောင့်နေသည်။ ကျွန်တော် ကြောက်ရွံ့စွာ Oh Sehun၏နောက်မှ တပ်ကြပ်မကွာ လိုက်သွားမိသည် ။ ဂိတ်ပေါက်ကိုကျော်လွန်ပြီး အတွင်းပိုင်းအပြင်အဆင်ကိုလေ့လာကြည့်ပါမှ မြင်းစီးလေ့ကျင့်စေခန်းတခုဖြစ်ကြောင်း သတိပြုမ်ိသည် ။ပုံစံအရ တော်ဝင်မိသားစုတွေအပန်းဖြေလေ့ကျင့်ရာ နေရာဖြစ်ဟန်တူသည် ။

အရာရာက ကျွန်တော့်အတွက် အသစ်အဆန်းဖြစ်နေသည်မို့ မျက်စိရှေ့မြင်မြင်သမျှကို လိုက်ကြည့်နေမိသည် ။ တဆက်တည်းမှာတွေးမိသည်က မင်းသားWu Yifanက ဒီလိုနေရာကို ကျွန်တော့်ကိုဆင့်ခေါ်ပြီး ဘာလုပ်ခိုင်းမလို့လဲဆိုတာကိုပဲ ။

တွေးနေစဲမှာပဲ ကျွန်တော်တို့ရပ်နေသောနေရာသို့ မြင်းညိုကြီးတကောင်ကိုဆွဲလျက် လျှောက်လာသော မင်းသားWu Yifanကို တွေ့လိုက်ရတယ် ။ အဖြူရောင်ရှပ်အင်္ကျီခပ်သန့်သန့်ကို ကြယ်သီးစေ့နှစ်စေ့ခန့်ဖြုတ်လျက် နဂါးခေါင်းသဖွယ်ထွင်းထားသောခါးပတ်နှင့်တွဲဖက်ဝတ်ဆင်ထားပုံက မည်သူမျှငြင်းဖွယ်ရာမရှိ ခံ့ညားလွန်းသည် ။ ညနေခင်းရဲ့ဆည်းဆာကဲ့သို့ နွေးထွေးသောအပြုံးတွေနဲ့ သူက ကျွန်တော့်ကို မြတ်နိုးစွာ ပြုံးပြသည် ။

ခပ်လှမ်းလှမ်းကတည်းက ပြုံးပြနေသော သူ့ကိုကြည့်ပြီး သက်တော်စောင့်Oh Sehunက ကျွန်တော့်ကိုမကြည့်ပဲ နှစ်ကိုယ်တည်းကြားနိုင်ရုံမျှအသံဖြင့်......

"သူ့ဘေးမှာ ငါးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့အတောအတွင်း သူဒီလိုတကယ်ပြုံးပျော်နေတာကိုမြင်ရတာ ဒါပထမဆုံးပဲ ...နှစ်လိုဖွယ်ကောင်းတဲ့ရင်ထဲကလာတဲ့ပျော်ရွှင်မှုတခုကို မင်းသားက ခင်ဗျားဆီမှာရှာတွေ့သွားတယ်ထင်ပါတယ် Chanyeol-ssi "

You've reached the end of published parts.

⏰ Last updated: Sep 07, 2020 ⏰

Add this story to your Library to get notified about new parts!

Royal Universe(KRISYEOL)Where stories live. Discover now